၀ှိုက်ဘုတ်ပေါ် နာမည်နဲ့ ခုနှစ်ရေးသားတဲ့ ဗီဒီယိုနဲ့ ကြေညာတာပါ။

ဖူလ်ဟမ်အသင်းဟာ သူတို့ရဲ့ ကစားသမား တိုင်ရိစ်ဖရန်ဆွာကို စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့အကြောင်း ကြေညာခဲ့ရာမှာတော့ ဘာစီလိုနာက ဒမ်ဘီလီကို စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့အပေါ် လှောင်ပြောင်တဲ့အနေနဲ့ လိုက်လံပြုလုပ်သွားခဲ့ပါတယ်။ ဘာစီလိုနာက ဒမ်ဘီလီကို ၂၀၂၄ အထိ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပြီး ဒီအတွက် ကြေညာချက်ကို ငွေကုန်ကြေးကျနည်းပါးအောင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

ဒမ်ဘီလီရဲ့ စာချုပ်သစ်ကြေညာမှု ဗီဒီယို clip ကလည်း လူမှုကွန်ရက်ပေါ်မှာ တော်တော်လေးပျံ့နှံ့သွားခဲ့တာပါ။ ၀ှိုက်ဘုတ်ပေါ်မှာ ဒမ်ဘီလီက သူ့ရဲ့နာမည်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့်နှစ်ကို ဆော့ပင်နဲ့ ရေးသားနေတဲ့ ဗီဒီယိုဖြစ်ပြီး ဝေဖန်မှုအများအပြားကို ရင်ဆိုင်ခဲ့ရပါတယ်။ ကစားသမားသစ်တွေကို ဘာစီလိုနာက အခမ်းအနားနဲ့ မိတ်ဆက်ကြေညာမှုတွေ လုပ်ခဲ့ပေမယ့်လည်း ဒမ်ဘီလီကိုတော့ ထူးထူးခြားခြားစီစဉ်ခဲ့တာပါ။ 



အခုအခါမှာ ဖူလ်ဟမ်ကလည်း ဖရန်ဆွာကို ၀ှိုက်ဘုတ်ပေါ်မှာ ဆော့ပင်နဲ့ ရေးသားခိုင်းတာ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီပုံစံအတိုင်းဆိုရင်တော့ အနာဂတ်မှာ စာချုပ်သက်တမ်းသစ်တိုးမြှင့်မှုကို ကြေညာမယ့်ပုံစံတွေက ဆန်းပြားလာဖို့ရာရှိနေပါတယ်။ ဘာစီလိုနာကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့လဲမသိပေမယ့် ပရိသတ်တွေကတော့ ပိုက်ဆံအကုန်မခံနိုင်တာကြောင့်လို့ ယူဆနေပါတယ်။ 

ဘဏ္ဍာရေးပြသနာတွေရှိနေတဲ့ ဘာစီလိုနာဟာ ကစားသမားတွေကို လစာကြွေးတွေ ပေးချေရဖို့လည်း ရှိနေတာပါ။ လက်ရှိမှာ ကစားသမားသစ်တွေခေါ်ယူထားပေမယ့်လည်း မှတ်ပုံတင်စာရင်းသွင်းနိုင်ခြင်းမရှိသေးဘဲ ကစားသမားတချို့ကို မဖြစ်မနေရောင်းထုတ်ဖို့အတွက် လိုအပ်နေပါတယ်။ ကစားသမားသစ်တွေအဖြစ် ခရစ္စတီယန်ဆန်၊ ဖရန့်ကက်ဆီ၊ ရာဖင်ဟာနဲ့ လီဝန်ဒေါစကီးတို့ကို ခေါ်ယူထားတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က