ကိုယ့်ကလေးက အနိုင်ကျင့်တတ်တဲ့သူဖြစ်စေ၊ အနိုင်ကျင့်ခံရသူဖြစ်စေ မိဘတွေကတော့ အနိုင်ကျင့်တဲ့အမူအကျင့်ကို ကြိုက်ကြမှာမဟုတ်ပါဘူး။အမေရိကန်နိုင်ငံ National Bullying Prevention Center ရဲ့စစ်တမ်းထုတ်ပြန်ချက်အရ စာသင်နှစ်တစ်နှစ်အတွင်း ကျောင်းသားငါးဦးမှာ တစ်ဦးနှုန်းအမြဲအနိုင်ကျင့်ခံရတယ်လို့သိရပါတယ်။ အနိုင်ကျင့်တတ်တဲ့ကလေးတွေက ဘာကြောင့်အနိုင်ကျင့်တတ်တာလဲ၊ ဒီအပြုအမူကို ဘယ်လိုကာကွယ်ကြမလဲဆိုတာကို အဖြေရှာကြည့်ဖို့လိုပါတယ်။
ကလေးတွေဘာကြောင့် အနိုင်ကျင့်တတ်ကြတာလဲ
Photo: The Indian Express
အနိုင်ကျင့်တတ်တဲ့ကလေးနဲ့ အနိုင်ကျင့်ခံရတဲ့ကလေး နှစ်ဦးစလုံးဟာ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာမျိုးနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ အနိုင်ကျင့်ခြင်းဆိုတာက တခြားသူကို စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်စေခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကြောက်ရွံ့စေခြင်းတွေကို ဆိုလိုပါတယ်။
ကလေးတွေ အနိုင်ကျင့်တတ်တဲ့ စရိုက်ကို အဖြေရှာရာမှာတော့ ယေဘူယျအားဖြင့်ခက်ခဲပြီး အဖြေရှာရခက်ပါတယ်။ National Bullying Prevention Center ရဲ့စစ်တမ်းအရာအကြောင်းအရင်းငါးချက်က အဓိကအခြေခံတယ်လို့သိရပါတယ်။
- အိမ်မှာဂရုစိုက်မခံရတာ
- ထင်ရှားကျော်ကြားလိုခြင်း
- ပတ်ဝန်းကျင်ရိုက်ခတ်မှု
- ညီအစ်ကိုမောင်နှမအချင်းချင်းဆက်ဆံရေး
- ရွယ်တူချင်းကွာခြားမှုကို လက်မခံနိုင်တာ
အိမ်မှာဂရုစိုက်မခံရတာ
Photo: iStock
ကလေးတွေက အိမ်ရဲ့ အဖြစ်အပျက်အားလုံးကို အလွန်ဂရုစိုက်တတ်ကြပြီး ခံစားတတ်ကြပါတယ်။ ဥပမာ - မိဘတွေက အဆက်မပြတ်ငြင်းခုံနေတာ၊ ကွာရှင်းတာ၊ ကလေးကိုဂရုမစိုက်ကြတာတွေက ကလေးငယ်ကို အပြင်းထန်ဆုံးစိတ်ဒဏ်ရာရစေပါတယ်။ အဲ့ဒီအတွက် ကလေးတွေဟာ အိမ်မှာအာရုံစိုက်ခံရဖို့အတွက် အနိုင်ကျင့်ခြင်းကို နည်းလမ်းတစ်ရပ်အနေနဲ့ သုံးလာတတ်ကြတာပါ။
ထင်ရှားကျော်ကြားလိုတာ
Photo: The Columbia
ဒီခံစားချက်က ကျောင်းမှာပေါ်ပြူလာဖြစ်ချင်တတ်တာကနေစတတ်ပါတယ်။ ရွယ်တူချင်းအနိုင်ကျင့်တတ်တဲ့ကလေးတွေဟာ ကျောင်းမှာ ထင်ရှားကျော်ကြားလိုတတ်ကြပြီး အနိုင်ကျင့်တာက ရွယ်တူချင်းတွေမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်စေတယ်လို့ ခံစားရစေလို့ ဖြစ်ပါတယ်။
ပတ်ဝန်းကျင်ရိုက်ခတ်မှု
Photo: Aubrey
ပတ်ဝန်းကျင်မှာ အနိုင်ကျင့်ခံနေရတာကို မြင်နေကျ ကလေးငယ်တစ်ဦးဟာ သူကိုယ်တိုင်အနိုင်ကျင့်ခံရသူ/အနိုင်ကျင့်တတ်သူတစ်ဦးဖြစ်လာနိုင်ပါတယ်။ အနိုင်ကျင့်ခြင်းဆိုတာ သင်ယူနိုင်တဲ့ အကြောင်းအရာ တစ်ရပ်ဖြစ်ပြီး ကလေးတွေဟာ အတုယူတတ်ကြပါတယ်။
လူငယ်တွေဟာ သူတို့သူငယ်ချင်းတွေနဲ့ လိုက်လျောညီထွေဆက်ဆံနိုင်ဖို့အုပ်စုလိုက် အနိုင်ကျင့်တာမျိုးကိုလုပ်တတ်ကြပါတယ်။
ညီအစ်ကိုမောင်နှမဆီက ကူးစက်တာ
Photo: Aisanparent
အိမ်မှာ ညီအစ်ကိုမောင်နှမချင်းဆက်ဆံရေးက အနိုင်ကျင့်ခြင်းအမူအကျင့်အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။ မွေးချင်းတွေထဲမှာ အကြီးတွေက အငယ်တွေကိုအနိုင်ကျင့်တတ်မယ်ဆိုရင် ကလေးအနေနဲ့ အနိုင်ကျင့်တတ်ခြင်းအလေ့အကျင့်ကို အလွယ်တူကူးစက်သွားစေနိုင်ပါတယ်။ ဒီအမူအကျင့်က စာသင်ခန်းထဲအထိရောက်ရှိသွားစေနိုင်ပါတယ်။
ရွယ်တူချင်း ကွာခြားချက်ကို လက်မခံနိုင်တာ
စာသင်ကျောင်းတွေမှာ အနိုင်ကျင့်ခံရတတ်တဲ့ ကလေးငယ်အများစုက လူမျိုးကွဲပြားမှု၊ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ကွဲပြားမှု၊ ကျား/မ ကွဲပြားမှု၊ မသန်စွမ်းမှု၊ ဘာသာရေးနဲ့ လိင်စိတ်တမ်းညွှတ်မှုကွာခြားချက်တွေကြောင့်ဖြစ်တယ်လို့ စစ်တမ်းတွေအရသိရပါတယ်။
ကလေးတွေဟာ နောက်ခံအကြောင်းအရာ၊ ယဉ်ကျေးမှု၊အခြားအထောက်အထားနဲ့အပြုအမူတွေကို နားလည်မှုအားနည်းကြတဲ့အတွက်၊ အနိုင်ကျင့်တတ်ကြတာပါ။ တခြားသူမကြိုက်တဲ့စကားလုံးတွေကို သုံးပြီးပြောဆိုရာမှာ တစ်ဖက်လူရဲ့ခံစားချက်ကိုနားမလည်တတ်ကြပါဘူး။ ဥပမာ- ဖက်တီးမ၊ အခြောက် အစရှိတဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်သက်ရောက်မှုကို နားမလည်တတ်သေးပါဘူး။
အနိုင်ကျင့်တတ်တဲ့ကလေးကို မိဘတွေဘယ်လိုကိုင်တွယ်မလဲ
Photo: theAsianparent
နည်းလမ်းကလွယ်ကူပါတယ်။ အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေကို ကလေးငယ်တွေနားလည်အောင်ရှင်းပြစည်းရုံးရမှာပါ။ ကလေးကို အိမ်မှာဂရုစိုက်ပေးတာ၊ ကောင်းတဲ့အပြုအမူတွေပြတဲ့အခါ လှိုက်လှိုက်လှဲလှဲချီးကျုးတာ၊ ရွယ်တူချင်းကွဲပြားခြားနားချက်တွေကို နားလည်အောင်ရှင်းပြတာ၊ ယဉ်ကျေးမှုနဲ့ဘာသာတရားကို တန်ဖိုးထားတတ်ဖို့တိုက်တွန်းတာ၊ ပိုပြီး ကြင်နာတတ်တဲ့အပြုအမူတွေဖြစ်လာစေဖို့အတွက် ကူညီဆောင်ရွက်ပေးတာ စတာမျိုးတွေလုပ်နိုင်ပါတယ်။
Ref: kvc.org
Photos Sources :
<a href="https://www.freepik.com/vectors/kids-game">Kids game vector created by macrovector - www.freepik.com</a>
<a href="https://www.freepik.com/vectors/agressive">Agressive vector created by pikisuperstar - www.freepik.com</a>
<a href="https://www.freepik.com/vectors/bullying">Bullying vector created by pikisuperstar - www.freepik.com</a>
<a href="https://www.freepik.com/vectors/hopscotch">Hopscotch vector created by freepik - www.freepik.com</a>