အခုတလာ မိတ်ဆွေတွေဆီက နှာစေးနေတယ် ၊ နှာရည်ယိုနေတယ် ၊ နှာခေါင်းပိတ်တယ် ၊ နှာချေလွန်းလို့ ဘာလုပ်ရမှန်း မသိဘူး ဆိုတဲ့ စကား အများဆုံး ကြားရပါတယ်။

လူမှုကွန်ရက်မှာလည်း နှာစေးနေတယ် ၊ ဖျားနေတယ်ဆိုတာမျိုး တင်ကြတာလည်း တွေ့ရပါတယ်။ လက်ရှိ ရာသီဥတုအခြေအနေအရတော့ အအေးမိတာ ၊ တုပ်ကွေး ၊ ကိုဗစ်နဲ့ ရာသီအကူးအပြောင်းမှာ ဗိုင်းရပ်စ်တွေကြောင့် နှာရည်ယို နှာပိတ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ တခြားအခြေအနေ တွေမှာတော့ နှာရည်ယိုခြင်းက ဓာတ်မတည့်တာ နဲ့ တခြားအကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ 

Photo: VeryWell Health

နှာရည်ယို နှာပိတ်ခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ

၁။ အရည်များများသောက်ပါ

 နှာရည်ယိုခြင်းဟာ ရေဓာတ်ဆုံးရှုံးတာဖြစ်လို့ ပုံမှန်ထက် ပိုလိုအပ်တဲ့ ရေဓာတ်ကို ထိန်းသိမ်းဖို့အတွက် အရည်များများသောက်ပေးရပါမယ်။ဒါဟာ နှာခေါင်းထဲက အရည်ကြည်တွေ ၊ နှပ်တွေ ထွက်ဖို့ ပိုလွယ်ကူမှာဖြစ်ပါတယ်။မဟုတ်ရင် နှာခေါင်းကို ခြောက်သွေ့စေပြီး ထူထဲစေးကပ်သွားတဲ့အခါ ပိုပြီး နှာပိတ်နိုင်ပါတယ်။ဒီအချိန်မှာ အချိုရည်ဘူးတွေ ၊ ကော်ဖီ နဲ့ အရက်ယာမကာတို့ကိုတော့ ရှောင်သင့်ပါတယ်။

Photo: Healthline

၂။လက်ဖက်ရည်ပူပူ သောက်ပါ

ရေနွေးကြမ်းပူပူလေးက အအေးမိ နှာစေးတာအတွက် အလွန်အထောက်အကူပြုပါတယ်။ အပူနဲ့ အခိုးငွေ့များကြောင့် အသက်ရှူလမ်းကြောင်းကို ပွင့်စေပါတယ်။ရေနွေးငွေ့လေး ရှူလိုက် ၊ ရေနွေးလေးသောက်လိုက်ပြုလုပ်ခြင်းက လည်ချောင်းနာခြင်း ၊ နှာစေးခြင်းနဲ့ ချောင်းဆိုးခြင်းတွေကို သက်သာစေပါတယ်။

Photo: Healthline

၃။ရေနွေးငွေ့ရှူပါ

ပူနွေးတဲ့ ရေနွေးငွေ့ကို ရှူရှိုက်ခြင်းက နှာရည်ယိုခြင်းကို ကုသရာမှာ အလွန်အထောက်အကူပြုပါတယ်။ အအေးမိရောဂါရှိသူတွေကို ၂၀၁၅ခုနှစ် လေ့လာမှုတစ်ခုအရ ရေနွေးငွေ့ရှူရှိုက်ခြင်းက အတော်လေးထိရောက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ရေနွေးငွေ့ရှူခြင်းက ဖျားနာခြင်းကနေ ပြန်နာလန်ထူဖို့ အချိန်တစ်ပတ်ခန့် လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ရေနွေးငွေ့ကို အလွန်ဆူပွက်အောင် မထားဘဲ အငွေ့ထွက်လာတဲ့ အနေအထားမှာချပြီး ခွက်အပေါ်ကနေ မိနစ် ၂၀လောက် ရှူပါ။ အသက်ပြင်းပြင်းရှူပါ။ မျက်စိမှိတ်ထားပါ။ မျက်နှာပူလာပြီထင်ရင် ခဏရပ်ပါ ။ ရေနွေးထဲကို ယူကလစ်ဆီ၊ ငရုတ်ကောင်း၊ ထင်းရှူး၊ rosemary၊ ပူဒီနံ ၊ လက်ဖက်ပင် (melaleuca) ၊ နှင့်စမုန်ဖြူအဆီတို့လို အဆီလေးတွေ အနည်းငယ်ထည့်ရှူရင် ပိုကောင်းပါတယ်။

Photo: One Green Planet

၄။အစပ်စားပါ

နှာခေါင်းပိတ်နေတယ်ဆိုရင် စပ်တဲ့ အစားအစာ နည်းနည်းစားပေးလိုက်ပါ။ ငရုတ်ကောင်း ၊ ငရုတ်သီး ၊ ဂျင်းတို့လို အစပ်ပါဝင်တဲ့ အစားအစာတွေကို စားပေးပါ။ စပ်ပြီး ပူလာတဲ့ ခံစားမှုဖြစ်လာတဲ့အခါ ခန္ဓာကိုယ်အတွင်းလမ်းကြောင်းများကိုချဲ့ပေးပြီး နှာခေါင်းပိတ် ပြသနာများကိုသက်သာစေနိုင်ပါတယ် ။ 

နှာရည်ယို နှာပိတ်ခြင်း ဖြစ်နေရင် သာမန်အအေးမိတာ ၊ တုပ်ကွေး ၊ ဒါမှမဟုတ် ဓာတ်မတည့်တာ ဖြစ်နိုင်ပါတယ်။ ဒီထဲကမှ အအေးမိ တုပ်ကွေးကတော့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အတွက် တခြားသူကို ကူးစက်နိုင်လို့ သတိထား ဆင်ခြင် နေထိုင်ရပါမယ်။

- တခြားသူတွေနဲ့ အနီးကပ်မနေပါနဲ့

- ပွေ့ဖက်ခြင်း၊ နမ်းခြင်း သို့မဟုတ်လက်ဆွဲနှုတ်ဆက်ခြင်းကိုရှောင်ကြဉ်ပါ

- ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှပ်ညှစ်ခြင်း လုပ်မယ်ဆိုရင် အနားက လူနဲ့ ခပ်ခွာခွာပြုလုပ်ပါ

- ချောင်းဆိုး နှာချေရင် တစ်ရှူ းထဲကို ပြုလုပ်ပြီး သေချာစွန့်ပစ်ပါ

-ပါးစပ် နှာခေါင်းစည်း ဝတ်ဆင်ပါ

- မကြာခဏ လက်ဆေးပါ

- လက်နဲ့ထိတွေပမှုများတဲ့ တံခါးလက်ကိုင်လို မျက်နှာပြင်တွေကို ပိုးသတ်ဆေး မကြာခဏ ဖျန်းပါ။

Ref: Healthline

Share

Loading Next Article...
က္က