Apple Device တွေမှာ Default Search Engine ဖြစ်နေဖို့ ပေးနေရပါတယ်

Google နဲ့ Apple ဆိုတာ ထာဝရ ပြိုင်ဖက်တွေပါ ၊ အခုဆိုရင် ဒေါ်လာ သုံးထောင် ဘီလီယံတန် ကုမ္ပဏီ ဖြစ်နေတဲ့ ပန်းသီးကို ခခယယ ဆက်ဆံရတာ အထူးဆန်း မဟုတ်လှပေမယ့် ဘာလို့ ဘီလီယံနဲချီ ဂူဂဲလ် ဆက်သ နေရလဲ?

ရိုးရှင်းစွာ ပြောရရင် iPhone ပဲ ကိုင်ကိုင် Android ပဲသုံးသုံး အင်တာနက်မှာ တစ်ခုခု သွားရှာတဲ့ အခါ Google Search ကို သုံးရစမြဲပါ ၊ ဒိပြင် Search Engine ရှိပေမယ့် မားကတ်ရှယ်ယာ အမြင့်ဆုံး Google Search လောက် Powerful မဖြစ်သလို အသုံးလည်း နည်းကြတယ်။

ဒီနေရာမှာ သူတစ်လူ ငါတမင်း ဖြစ်နေတာ Google ပါ ၊ သူ့ Search အတိုင်း Microsoft ကပါ လိုက်တုနေပြီး Chromium အခြေခံထားတဲ့ Edge Browser မှာ Google Chrome ပုံစံအတိုင်း သုံးရအောင် လုပ်ပေးထားတယ်။

Google Search လို့ ပြောလိုက်ရင် သူနဲ့တွဲပါလာတာ Maps ၊ Gmail ၊ YouTube နဲ့တခြား Google Apps တွေပါ ၊ များသောအားဖြင့် YouTube နဲ့ Gmail ကို အများစု သုံးကြပြီး ရှယ်ယာ 90% နဲ့ အထက် Bing ၊ Yahoo နဲ့ DuckDuckGo တို့ အပေါ်မှာ ရှိနေပါတယ်။

iPhone သုံးစွဲသူ 54% ရှိနေတဲ့ အမေရိကန်မှာ ဖုန်းဖွင့်လိုက်တာနဲ့ Google တန်းပေါ်နေဖို့ Apple နှစ်မြို့မှာ မဟုတ်ပါဘူး ၊ အလားတူ iMac ၊ iPad နဲ့ MacBook တို့ရဲ့ Default Search Engine အဖြစ် ရှိနေဖို့ $20 bn ပေးရတာ နောက်တမျိုး ပြောရရင် မိုနိုပိုလီပါပဲ။

2020 မှာ $12 bn ၊ 2021 မှာ $15 bn နဲ့ 2022 မှာ $20 bn ပေးခဲ့ရပြီး ဒီ Partnership တန်ဖိုးကို နည်းပညာ နယ်ပယ်ထဲ ကြေးအကြီးဆုံးလို့ ပြောကြပြီး ကိုယ့်ခွင်ထဲဝင်ရင် အေးတာပဲ ဖြစ်နေသရွေ့ ဒိထက် Google ပိုပေးရလဲ ပြဿနာ မရှိလှပါဘူး။

ကြော်ငြာ လုပ်ငန်းနဲ့ ကြီးပွားလာတဲ့ Google အဖို့ မြောက် အမေရိက တစ်တိုက်ထဲ ဒီပမာဏ မသုံးခဲ့ရင် ပြိုင်ဆိုင်မှု အားကောင်းနေတဲ့ AI ပိုင်း အထိနာ ဦးမှာပါ။

ကိုယ်ပိုင် Search Engine မရှိတဲ့ Apple မှာ AI ချိတ်ထားတဲ့ ဘယ် Search Engine ကို မဆို လက်ဝါးကြီး အုပ်လို့ရပေမယ့် Google Search Engine ထက် ပို Powerful ဖြစ်တဲ့ Bing AI နဲ့ ChatGPT လို AI Bot ကို သုံးနေတဲ့ Search Engine တွေ ရှိတယ်။

ဒီဟာကွက်ကို Apple သိပေမယ့် Worldwide ယှဥ်လိုက်ရင် Google လွှမ်းမိုးမှု အများဆုံးပဲ ၊ အဲ့တော့ R&D အပိုင်း စိတ်ကြိုက် လုပ်ပြီး သူ့ Device တွေ သုံးစွဲသူ လက်ထဲ ရောက်နေသရွေ့ ၊ Google ထက် သာနေသရွေ့ ဝေစား ၊ မျှစား တည့်နေသေးတယ်လို့ပဲ ပြောရပါမယ်။

Source: MakeUseOf

Share

Loading Next Article...
က္က