အောင်မြင်မှုအတွက် ဂုဏ်ပြုခဲ့ပြီး ချဲလ်ဆီးနည်းပြရဲ့ ဘဝအကြောင်းကို ပြောပြခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြသစ်ဖြစ်လာတော့မယ့် ရာ့ဖ် ရန်းနစ်က ယာယီနည်းပြမဖြစ်ချင်တာကြောင့် ယခုနှစ်မှာ ချဲလ်ဆီးအသင်းကို တာဝန်ယူကိုင်တွယ်ရမယ့်အခွင့်အရေးကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

လိုကိုမိုးတစ်မော်စကို အားကစားနဲ့ဖွံ့ဖြိုးရေးအကြီးအကဲဟာ လာမယ့်နွေရာသီမှာ အိုးထရက်ဖို့ဒ်မှာ အကြံပေးအဖြစ် ၂ နှစ် တာဝန်မထမ်းဆောင်မီ ယခုရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ရန်းနစ်ကို ယခုနှစ်အစောပိုင်းမှာ ချဲလ်ဆီးအသင်းက နည်းပြ ဖရန့်ခ် လမ်းပတ်ကို ထုတ်ပယ်ခဲ့ပြီးနောက် ချဉ်းကပ်ခဲ့ပေမယ့် အသက် ၆၃ နှစ်အရွယ် ဂျာမန်လူမျိုးနည်းပြက ယာယီနည်းပြရာထူးကိုသာ လက်ခံလိုက်ရင် မအောင်မြင်တဲ့လူတစ်ယောက်ပုံစံမျိုး ဖြစ်သွားမှာစိုးတာကြောင့် ငြင်းပယ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။



"ကျွန်တော် ချဲလ်ဆီးကို ခင်ဗျားတို့ဆီလာပြီး အလုပ်အတူတူ လုပ်ချင်ပေမယ့် ၄ လလောက်နဲ့တော့ အဲဒါကို မလုပ်နိုင်ဘူး။ ကျွန်တော်က ယာယီနည်းပြမဟုတ်ပါဘူးလို့ ပြောခဲ့တယ်။ မီဒီယာတွေနဲ့ ကစားသမားတွေအတွက် ခင်ဗျားက ၄ လ နည်းပြကြီးဖြစ်နေလိမ့်မယ်။ စလာတဲ့နေ့ကတည်းက မအောင်မြင်တဲ့လူတစ်ယောက်လို ဖြစ်နေမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

ရန်းနစ်ရဲ့ ဆုံးဖြတ်ချက်က သောမတ်စ် တူဟယ် ချဲလ်ဆီးကို ရောက်လာဖို့ လမ်းကြောင်းပေးခဲ့ပြီး အသက် ၄၈ နှစ်အရွယ် ပီအက်စ်ဂျီနည်းပြဟောင်းဟာ စတမ်းဖို့ဒ် ဘရစ်ဂျ်မှာ ပွဲဦးထွက်ရာသီမှာပဲ ချန်ပီယံလိဂ်ဖလားရယူပေးပြီး လျင်လျင်မြန်မြန်ပဲ အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်ရှိမှာတော့ နည်းပြ တူဟယ်လက်အောက်မှာ ပရီးမီးယားလိဂ်ဖလားအတွက် ရှေ့ဆုံးကနေ ဦးဆောင်နေပြီး ရန်းနစ်က ၎င်းနဲ့ တစ်နိုင်ငံတည်းသားဟာ နည်းဗျူဟာပိုင်းမှာ အရမ်းခေတ်မီတဲ့သူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"သောမတ်စ်က ကျွန်တော့်ဆီကနေတဆင့် နည်းပြ ဖြစ်လာတဲ့သူပါ။ သူက အမ်းမှာတုန်းက ကျွန်တော့် ကစားသမားဖြစ်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝက ဒူးဒဏ်ရာကြောင့် အဆုံးသတ်ခဲ့ရပါတယ်။ ကျွန်တော် သူ့ကို ကျွန်တော်တို့အသင်းရဲ့ ယူ-၁၅ နည်းပြအလုပ်ကို ပေးခဲ့ပါတယ်။ သူက နည်းပြတစ်ယောက် ဖြစ်လာချင်ခဲ့တဲ့သူတောင် မဟုတ်ပါဘူး။ သူက စတုဂတ်က ဘားတစ်ခုမှာ အလုပ်လုပ်နေခဲ့တာပါ"

"ခင်ဗျား ချဲလ်ဆီးပွဲတွေကို အခု ကြည့်တယ်ဆိုရင် သူတို့တွေ ဘောလုံးရတဲ့အခါ ဒါမှမဟုတ် တခြားအသင်းဘောလုံးရတဲ့အခါမှာ တစ်ဦးချင်းလုပ်ရမယ့်အစီအစဉ်တွေကို မြင်နိုင်ပါလိမ့်မယ်။ သောမတ်စ်က နည်းဗျူဟာပိုင်းမှာ အရမ်းကို ခေတ်မီတဲ့အဆင့်မှာရှိတဲ့သူပါ။ ဇော့ လိုး(တူဟယ်ရဲ့လက်ထောက်နည်းပြ)ကလည်း ကျွန်တော့်ကစားသမားနဲ့ လိုက်ပ်ဇစ်တုန်းက လက်ထောက်နည်းပြဖြစ်ခဲ့ပါတယ်။ အခု သူ အရေးကြီးတဲ့အခန်းကဏ္ဍကနေ လုပ်စရာရှိတာလုပ်နေပြီး ကစားသမားတွေနဲ့ သူ ဆက်ဆံတဲ့ပုံစံကို ခင်ဗျား မြင်နိုင်ပါတယ်။ သောမတ်စ်ကလည်း အရမ်းကောင်းတဲ့ ခေါင်းဆောင်မှု စွမ်းရည်ရှိပါတယ်"

"သူ့ကို နည်းပြအဖြစ် ခန့်အပ်တာက ထိပ်တန်း ဖြေရှင်းနည်းပါပဲ။ ကျွန်တော် သောမတ်စ်နဲ့ ချဲလ်ဆီးကို ရွေးချယ်မှုအတွက် ဂုဏ်ပြုရုံပဲ လုပ်ပေးနိုင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က