မန်စီးတီးတိုက်စစ်မှူး ဟာလန်းက မနေ့က ကစားခဲ့တဲ့ ဘန်လေနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲ ပထမပိုင်းအပြီးမှာ ဂွါဒီယိုလာ သူ့ကို စိတ်ဆိုးခဲ့တာက ဘာနာဒိုဆေးလ်ဗားကြောင့်ဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အဆိုပါပွဲမှာ မန်စီးတီးက ဟာလန်းရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အပါအဝင် သုံးဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။
ပထမပိုင်းမှာကတည်းက မန်စီးတီးတို့ ဟာလန်းရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းအပြီးမှာ ဂွါဒီယိုလာက ကွင်းထဲမှာတင် ဟာလန်းကို ဆူပူကြိမ်းမောင်းခဲ့တာပါ။ ဟာလန်းနှစ်ဂိုးသွင်းထားချိန်၊ အသင်းက ဂိုးပြတ်အနိုင်ရချိန်မှာတောင် ဒီလိုပြုမူခဲ့တဲ့ ဟာလန်းကို ပရိသတ်တွေက ဝေဖန်နေပါတယ်။
ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာတော့ ဟာလန်းက “ဒါက ပထမပိုင်းမပြီးခင် နောက်ဆုံးဖြစ်ရပ်ကြောင့်ပါ။ ဘာနာဒိုဆေးလ်ဗားက ကျွန်တော်နဲ့ တွဲမကစားခဲ့တာကြောင့် ဂွါဒီယိုလာက ကျွန်တော့်ကို အတော်လေး စိတ်ဆိုးခဲ့တာပါ။ ကျွန်တော် တိုးတက်လာတာကို လူတိုင်းမြင်ပါတယ်။ ကျွန်တော်က အကောင်းဆုံးပုံစံရဖို့ နေ့တိုင်း ကြိုးစားနေတာပါ”
“ဂွါဒီယိုလာနဲ့ လက်တွဲခွင့်ရတာကလည်း ကျေနပ်စရာပါ။ ကျွန်တော်က ငယ်ရွယ်နေချိန်မှာတောင် အခုလိုမျိုး ဂွါဒီယိုလာလို နည်းပြမျိုးနဲ့ အလုပ်လုပ်ခွင့်ရတာက လူငယ်ကစားသမားတစ်ယောက်အနေနဲ့ ပိုကောင်းတာမျိုး မရှိတော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာကတော့ “ဟာလန်းက သူ့နောက်က ဘောလုံးကို သူပြန်လိုချင်နေတာပါ”
“အဲ့ဒါကလည်း တကယ်တမ်း သူ့နောက်မှာ ရှိနေတာမျိုး မဟုတ်ပါဘူး။ တစ်ခါတလေမှာ ကျွန်တော်တို့က မှန်ကန်တဲ့ အခိုက်အတန့်ကို ရောက်လာဖို့အတွက် စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ ဟာလန်းရော၊ ကျွန်တော်ရော အချင်းချင်း စိတ်ပျက်ကြတာမျိုး မရှိပါဘူး။ ဘောလုံးမှာ ဒါမျိုးက ဖြစ်တတ်ပါတယ်။ ဒရာမာတွေ မချိုးကြပါနဲ့” လို့ ဖြေရှင်းသွားခဲ့ပါတယ်။