ရူဒီဂါရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ပွဲကတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ပရိသတ်တွေကို ဖျော်ဖြေခဲ့ပါတယ်။ ဒီပွဲမှာ တစ်သင်းနဲ့ တစ်သင်း အပြနအလှန် ဦးဆောင်ရင်း ချေပရင်း ပွဲအပြီးမှာ သုံးဂိုးစီသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။



ဒါပေမယ့် ထူးခြားချက်တစ်ခုက မန်စီးတီး ရရှိခဲ့သမျှ သွင်းဂိုးအားလုံးက ပင်နယ်တီဧရိယာအပြင် ကန်ချက်တွေနဲ့ပဲ ရရှိခဲ့တာပါ။​မန်စီးတီးရဲ့ အဓိကတိုက်စစ်မှူးကြီး ဟာလန်းကတော့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရူဒီဂါကို ကျော်လွှားနိုင်ခဲ့ခြင်းမရှိဘဲ အချက်အလက်တွေအရလည်း ဆိုးရွားနေခဲ့ပါတယ်။

ဒီပွဲမှာ ဟာလန်းက ဘောလုံးထိချက် အကြိမ် (၂၀) သာရှိခဲ့ပြီး ဂိုးပေါက်ကို (၁) ကြိမ်သာ ကန်ခွင့်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုမျိုး ဘောလုံးထိတဲ့ အကြိမ် (၂၀) မှာလည်း ဘောလုံးဆုံးရှုံးမှုက (၇) ကြိမ်အထိ ရှိခဲ့ပြီး (၃၅) ရာခိုင်နှုန်းအထိ ဘောလုံးဆုံးရှုံးခဲ့တာပါ။ ဒါဟာ မန်စီးတီးမှာ ဘောလုံးဆုံးရှုံးမှု အများဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ပေးပို့မှု (၉) ကြိမ် ပြုလုပ်ခဲ့တဲ့နေရာမှာလည်း (၃) ကြိမ်အထိ လူပေးမှားခဲ့ပြီး မန်စီးတီး ရလဒ်မဆိုးခဲ့သည့်တိုင် ဟာလန်းအတွက် စိတ်ပျက်စရာ ညတစ်ညဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ဟာလန်းကို အခုလိုမျိုး ထိန်းချုပ်နိုင်ခဲ့တဲ့အတွက်လည်း ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရူဒီဂါကို ပရိသတ်တွေက ချီးကျူးနေကြပါတယ်။

ရူဒီဂါဟာ ပွဲမတိုင်ခင်မှာ မန်စီးတီးတိုက်စစ်နဲ့ ဟာလန်းကို ထိန်းချုပ်ဖို့ နည်းလမ်းတွေ့ရှိထားကြောင်း၊ ဒါပေမယ့် ဒါတွေကို အခုချိန်မှာ ပြောကြားသွားမှာ မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ တကယ်တမ်းမှာလည်း မန်စီးတီးကို သုံးဂိုးပေးလိုက်ရသည့်တိုင် ဟာလန်းကိုတော့ ရူဒီဂါက အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

Share

Loading Next Article...
က္က