ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့အတွက် ပြောသွားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မန်စီးတီးက ၄ ဂိုး မသွင်းယူနိုင်စရာအကြောင်းမရှိဘူးလို့ နည်းပြဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။ ပထမအကျော့မှာ မန်စီးတီးက ၄-၃ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ဂိုးကွာဟချက်ကျဉ်းမြောင်းတာကြောင့် ဒုတိယအကျော့မှာ နှစ်သင်းစလုံးအတွက် အခွင့်အရေးတွေရှိနေသေးတာဖြစ်ပါတယ်။ 

ရီးရဲလ်ကလည်း ချေပဂိုးတွေကို လိုက်သွင်းရင်း မျှော်လင့်ချက်တွေကို အသက်သွင်းနိုင်ခဲ့ကာ ဘာနေဗျူးမှာ နိုင်ပွဲပြန်ယူဖို့အတွက် အားခဲထားမှာသေချာပါတယ်။ ဂွာဒီယိုလာကတော့ သူ့အသင်းက ဘာနေဗျူးမှာ ၄ ဂိုးသွင်းနိုင်ဖွယ်ရှိတဲ့အကြောင်းကို ဘာစီလိုနာနဲ့ ဥပမာပေးပြောဆိုခဲ့ပါတယ်။ ဘာကာက အယ်လ်ကလက်စီကိုပွဲမှာ ရီးရဲလ်ကို ၄ ဂိုးအထိ သွင်းပြီး နိုင်ပွဲယူခဲ့တာလည်းဖြစ်ပါတယ်။ 

ဂွာဒီယိုလာက "အသင်းကို ပြန်ပြီးတည်ဆောက်နေတဲ့ ဘာစီလိုနာတောင် ဘာနေဗျူးမှာ ရီးယဲမက်ဒရစ်ကို ၄ ဂိုးပြတ်နဲ့ နိုင်တယ်ဆိုရင် ကျနော်တို့လည်း အဲ့ဒီမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ပါတယ်၊ ပထမအကျော့မှာ အခွင့်အရေးတွေ လွဲချော်ခဲ့ပေမယ့် ကျနော်စိတ်မပူပါဘူး၊ ဘောလုံးမှာ ဒါတွေက ဖြစ်နေကျပါ၊ ကျနော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်၊ ဘာနေဗျူးမှာလည်း အဲလိုကစားနိုင်ပါတယ်"

"ဗိုလ်လုပွဲကို တက်နိုင်ဖို့ ကျနော်တို့ရဲ့ အဆင့်ကို မြှင့်တင်သွားမှာပါ၊ ဒါပေမယ့် ဒီပွဲကိုအနိုင်ရရမယ်လို့ ကစားသမားတွေ ယုံကြည်စေချင်တယ်၊ သူတို့လက်တွေကိုချထားမှာကို မလိုချင်ဘူး၊ ဘာနေဗျူးကို ခေါင်းမော့ရင်ကော့ပြီးတော့ သွားရမှာပါ၊ ၁၀ မိနစ်အတွင်းမှာပဲ သူတို့ ၃ ဂိုးအထိ သွင်းနိုင်ပါတယ်" လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 

Share

က္က