မီလီတာအိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုနဲ့ ရီးရဲလ်တို့ အရေးနိမ့်သွားခဲ့ရပါတယ်။

စပိန်ကိုပါဒယ်ရေးဆီမီးဖိုင်နယ် ပထမအကျော့မှာတော့ ဘာစီလိုနာဟာ လီဝန်ဒေါစကီး၊ ပီဒရီတို့လို အားထားရတဲ့ ကစားသမားတွေ မပါဝင်နိုင်ခဲ့ပေမယ့် ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူခဲ့ကာ ၂ပွဲဆက်တိုက်ရှုံးနိမ့်မှုကနေ ပြန်လည်ရုန်းထွက်လာနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဗိုလ်လုပွဲကို တက်ရောက်ဖို့လည်း အခွင့်အရေးကောင်းကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ 

ဖရန့်ကက်ဆီရဲ့ အားထုတ်မှုကနေ မီလီတာအိုက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့ပြီး အဖိုးတန်အနိုင်ဂိုးကို ရရှိခဲ့တာပါ။ ဒီချေပဂိုးကို ရီးရဲလ်မက်ဒရစ်တို့ ဘယ်လိုမှမချေပနိုင်ခဲ့ဘဲ ဂိုးပေါက်ကန်သွင်းချက် ၁၃ ကြိမ်အထိရခဲ့ပေမယ့် တကြိမ်မှ ဂီုးပေါက်မတည့်ခဲ့ဘဲ အိမ်ကွင်းမှာ မဟာပြိုင်ဘက်ကြီးကို အရေးနိမ့်ခဲ့ရကာ ဖလားတလုံးလက်လွှတ်ရဖို့ နီးစပ်သွားခဲ့ပါပြီ။ 

ဘာစီလိုနာက မန်ချက်စတာယူနိုက်တက်၊ အယ်လ်မီရီယာတို့ကို နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်သလို ဒီပွဲမှာ အဓိကကစားသမားတချို့လည်း ဒဏ်ရာကြောင့်မပါဝင်နိုင်၊ အဝေးကွင်းလည်းကစားရမှာဖြစ်လို့ သေချာပေါက်အရေးနိမ့်မယ်လို့ ထင်မှတ်ခဲ့ပေမယ့် အံ့အားသင့်စရာနိုင်ပွဲတပွဲကို ရယူနိုင်ခဲ့ပြီး အယ်လ်ကလက်စီကိုပွဲဖြစ်တာနဲ့အညီ ပွဲချိန်တွင်း အချေအတင်ဖြစ်ပွားမှုတွေလည်း ရှိခဲ့ပါတယ်။ 

အန်ဆယ်လော့တီရဲ့ အသင်းကတော့ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို အသုံးမချနိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့ရပါတယ်။ စပိန်လာလီဂါမှာလည်း ၇ မှတ်ကွာဟနေလို့ အမီလိုက်နိုင်ဖို့ အားထုတ်နေရပြီး ကိုပါဒယ်ရေးမှာ ထိပ်တိုက်တွေ့ဆုံချိန်မှာ ထွက်ခွာရဖို့လည်း နီးစပ်သွားခဲ့ရပါတယ်။ ဇာဗီရဲ့ ဘာစီလိုနာကတော့ ပြည်တွင်းမှာ သူတို့တွေ ခေါင်းပြန်ထောင်လာပြီဆိုတာကို နိုင်ပွဲနဲအတူ သက်သေထပ်ပြသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က