ရာသီကြိုခရီးစဥ်ကို ရော်နယ်ဒို လိုက်ပါတော့မှာ မဟုတ်ပါဘူး။

ဒီကနေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရာသီကြိုခြေစမ်းပွဲကစားဖို့ ထွက်ခွာလာမယ့် ယူနိုက်တက်လူစာရင်းမှာ ရော်နယ်ဒိုပါဝင်ဖို့မရှိတော့ပါဘူး။ ဒီကစားသမားဟာ မနေ့က လေ့ကျင့်ခန်းအစီအစဥ်အပါအဝင် သူပါဝင်ပူးပေါင်းရမယ့် ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ် (၄) ရက်လုံးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။



ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းခံထားတဲ့ ဒီကစားသမားဟာ မိသားစုကိစ္စအကြောင်းပြချက်တွေနဲ့ အသင်းရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေကို လွဲချော်ခဲ့တာပါ။ ဘန်ကောက်ကိုထွက်ခွာဖို့ လူစာရင်းမှာလည်း ရော်နယ်ဒို ပါဝင်တော့မှာမဟုတ်ဘဲ ယူနိုက်တက်တို့ရဲ့ ရာသီကြိုခြေစမ်းခရီးစဥ်အတွက် ပိုစတာကြီးသာ အဖတ်တင်ခဲ့တယ်လို့ ပြောရမလိုဖြစ်နေပါတယ်။

ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းခရီးစဥ်အတွက် အဓိကပိုစတာမှာ ရော်နယ်ဒို၊ ဆန်ချို၊ အီလန်ဂါတို့ သုံးယောက်ပါဝင်ခဲ့ပြီး ရော်နယ်ဒိုကတော့ အဓိက,ကစားသမားအဖြစ် သတ်မှတ်ခံထားရတာပါ။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ဒီခြေစမ်းပွဲတွေမှာ ပါဝင်ဖို့မရှိတော့ပါဘူး။ ယူနိုက်တက်ဟာ ရက် (၂၀) အတွင်း မတူညီတဲ့ နိုင်ငံ (၄) နိုင်ငံမှာ ခြေစမ်းပွဲ (၆) ပွဲကစားရမှာပါ။

အဖွင့်ပွဲအနေနဲ့ ဇူလိုင် (၁၂) ဘန်ကောက်မြို့မှာ လီဗာပူးနဲ့ ကစားရမှာဖြစ်ပါတယ်။ အဲ့ဒီနောက် သြစတြေးလျမှာ မဲလ်ဘုန်းဗစ်ထရီ၊ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာတို့နဲ့ ဆက်လက်ကစားသွားမှာပါ။ အာရှခြေစမ်းခရီးစဥ်ပြီးဆုံးတဲ့နောက် ယူနိုက်တက်က ဥရောပမှာ နှစ်ပွဲဆက်လက်ကစားဖို့ရှိပါတယ်။

အော်စလိုမြို့မှာ အက်သလက်တီကို၊ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ဗယ်လက်ကာနိုတို့နဲ့ နောက်ဆုံးကစားသွားရမှာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ရော်နယ်ဒိုနဲ့ နည်းပြတန်ဟက်ခ်ကို ဆွေးနွေးစေဦးမှာဖြစ်ပြီး ရော်နယ်ဒိုကို အသင်းမှာဆက်လက်ထိန်းသိမ်းထားဖို့ မျှော်လင့်နေဆဲလို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က