စိုက်ခင်းငယ်လေးတွေမှာ စိမ်းလန်းစိုပြေနေတဲ့ ဟင်းသီးဟင်းရွက်ပင်တွေ ရှင်သန်ဖြစ်ထွန်းနေကြပါတယ်

အခက်အခဲ အကျပ်အတည်းတွေနဲ့ ကြုံရတဲ့အခါ တီထွင်ကြံဆတတ်တဲ့ လူသားတို့ရဲ့ စွမ်းဆောင်ရည်အရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ တမူထူးခြားတဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းလေးတွေ မြင်တွေ့လာရပါတယ်။

ဒီစိုက်ခင်းငယ်လေးတွေမှာ စိမ်းလန်းစိုပြေနေတဲ့ ကြက်သွန်မြိတ်၊ ပင်စိမ်း၊ ခရမ်းသီးနဲ့ ငရုပ်သီးပင်ကဲ့သို့ ဟင်းသီးဟင်းရွက်ပင်တွေ ရှင်သန်ဖြစ်ထွန်းနေကြပါတယ်။ ဟင်းသီးဟင်းရွက်ပင်တွေ စိုက်ပျိုးထားတဲ့ မြေကြီးကို နေပူဒဏ်ကာနေ ကာကွယ်ပေးပြီး အစိုဓာတ်ရှိနေစေဖို့ ကောက်ရိုးတွေနဲ့ ဖုံးအုပ်ထားပါသေးတယ်။



ရုံးမှာ ကျွန်တော်တို့အားလုံး စိတ်ဖိစီးနေကြတယ်လေ၊ ဒါကြောင့်ပဲ ဒီလို ရပ်ထားတဲ့တက္ကစီတွေပေါ်မှာ ဟင်းသီးဟင်းရွက်ပင်လေးတွေ စိုက်ပျိုးကြပြီး စိတ်သက်သာရရစေဖို့ စိတ်ကူးရလာခဲ့တာ

စိုက်ခင်းတွေမှာ ဒီလိုလုပ်ဆောင်ထားခြင်းက ပုံမှန်မြင်တွေ့နေကျဖြစ်ပေမဲ့ ထူးခြားနေတာကတော့ ဟင်းသီးဟင်းရွက်ပင်တွေကို ဒါဇင်ပေါင်းများစွာရှိတဲ့ တက္ကစီတွေရဲ့ အမိုးပေါ်မှာနဲ့ စက်ဖုံးပေါ်မှာ စိုက်ပျိုးထားကြတာပဲ ဖြစ်ပါတယ်။ ဘန်ကောက်မြို့ Bang Waek လမ်းမှာရှိတဲ့ Ratchapruek Taxi Cooperative တက္ကစီဝန်ဆောင်မှုရဲ့ ကားရပ်နားစခန်းမှာ တက္ကစီအစီးရေ ၂၀၀ ခန့် ရပ်ထားခဲ့တာ အခုဆိုရင် တစ်နှစ်နီးပါး ကြာခဲ့ပါပြီ။

COVID-19 ကပ်ရောဂါ ဂယက်ရိုက်ခတ်မှုကြောင့် တက္ကစီမောင်းသူတွေဟာ သူတို့ရဲ့အလုပ်ကို စွန့်လွှတ်ခဲ့ကြတာကြောင့် ရာနဲ့ချီတဲ့ တက္ကစီတွေ လမ်းပေါ်ကနေ ပျောက်ကွယ်သွားခဲ့ကြပါတယ်။ "ကျွန်တော့်ဝန်ထမ်းတွေ စိတ်ဖိစီးနေကြတယ်၊ ရုံးမှာ ကျွန်တော်တို့အားလုံး စိတ်ဖိစီးနေကြတယ်လေ၊ ဒါကြောင့်ပဲ ဒီလို ရပ်ထားတဲ့တက္ကစီတွေပေါ်မှာ ဟင်းသီးဟင်းရွက်ပင်လေးတွေ စိုက်ပျိုးကြပြီး စိတ်သက်သာရရစေဖို့ စိတ်ကူးရလာခဲ့တာ" လို့ အသက် ၅၄ နှစ်အရွယ် Thapakorn Asawalertkul က ပြောပါတယ်။

ဒီကားတွေနဲ့ ဘာလုပ်ရမလဲ မသိဘူးလေ၊ ဒါကြောင့်ပဲ ဒီကားတွေပေါ်မှာ ဟင်းသီးဟင်းရွက်ပင်တွေ စိုက်ကြမယ်လို့ ဆုံးဖြတ်ခဲ့တာ၊ ဘာပဲကျန်ကျန် အဖွဲ့သားတွေနဲ့ ယာဥ်မောင်းတွေနဲ့ အတူမျှဝေသွားမှာပါ၊ ဒီလိုမျိုး ဘယ်တုန်းကမှ မကြုံခဲ့ဖူးဘူး

သူက Ratchapruek နဲ့ Baworn တက္ကစီဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုနှစ်ခုက တက္ကစီအစီးရေ ၈,၀၀၀ ခန့် ပိုင်ဆိုင်ထားပါတယ်။ ကပ်ရောဂါကာလမတိုင်မီ တက္ကစီဝန်ဆောင်မှုလုပ်ငန်းက တက္ကစီမောင်းသူတွေအတွက် ဝင်ငွေအဆင်ပြေစေခဲ့ပါတယ်။ ဒါပေမဲ့ ယမန်နှစ်အတွင်း ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ဖြစ်ပွားလာခဲ့ရာ တက္ကစီမောင်းသူတွေ အကျပ်အတည်းကြုံလာခဲ့ရပါတယ်။

တက္ကစီငှါးစီးသူတွေ မရှိတော့တဲ့ အခြေအနေဖြစ်လာတာကြောင့် သူတို့ရဲ့ နေ့စဥ်ဝင်ငွေဟာ ထိုးကျသွားခဲ့ပြီး အကြွေးပိလာခဲ့ကြတယ်လို့ ဆိုပါတယ်။ တက္ကစီဝန်ဆောင်မှုလုပ်ငန်းကို ကားအသုံးပြုခ မပေးနိုင်တော့တဲ့ တက္ကစီမောင်းသူ အများအပြားဟာ ကားပြန်အပ်ပြီး သူတို့ရဲ့ ဇာတိမြို့တွေဆီ ပြန်သွားခဲ့ကြပါတယ်။

တက္ကစီဝန်ဆောင်မှုလုပ်ငန်းတွေဟာလည်း ထိုင်းဘတ်ငွေ ၃ ဘီလီယံရှိတဲ့ အကြွေးပြဿနာနဲ့ ရင်ဆိုင်ကြရပါတယ်။ ယခင်က ကားရပ်နားစခန်း မျက်နှာချင်းဆိုင်ရှိ ရုံးအဆောက်အအုံထဲမှာ အလုပ်လုပ်ခဲ့ကြတဲ့ တက္ကစီဝန်ဆောင်မှုမှ ဝန်ထမ်းတွေအတွက် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းက အလုပ်သစ်ဖြစ်လာခဲ့ပါတယ်။

"ဒီနေရာမှာ ကားတွေက အများကြီးပဲ၊ ဒီကားတွေနဲ့ ဘာလုပ်ရမလဲ မသိဘူးလေ၊ ဒါကြောင့်ပဲ ဒီကားတွေပေါ်မှာ ဟင်းသီးဟင်းရွက်ပင်တွေ စိုက်ကြမယ်လို့ ဆုံးဖြတ်ခဲ့တာ၊ ဘာပဲကျန်ကျန် အဖွဲ့သားတွေနဲ့ ယာဥ်မောင်းတွေနဲ့ အတူမျှဝေသွားမှာပါ၊ ဒီလိုမျိုး ဘယ်တုန်းကမှ မကြုံခဲ့ဖူးဘူး" လို့ Ratchapruek Taxi Cooperative မှာ ၁၅ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့သူ Kanlaya Kongnimit က ဖွင့်ဟခဲ့ပါတယ်။

အစိုးရကို စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်လို့ ကျွန်တော် အပြစ်မပြောပါဘူး၊ ဒီရောဂါက တစ်နိုင်ငံလုံးကို ဂယက်ရိုက်တာပါပဲ၊ ဒါပေမဲ့ တက္ကစီလုပ်ငန်းရှင်တွေကို အစိုးရက အကူအညီအချို့ ပေးရမှာ

ဘန်ကောက်မြို့တစ်ဝန်းမှာ မောင်းသူမရှိတော့တဲ့ တက္ကစီတွေ ထောင်နဲ့ချီရှိနေပြီး တက္ကစီဝန်ဆောင်မှုတွေက ကားအမိုးပေါ်မှာ ဟင်းသီးဟင်းရွက်စိုက်ပျိုးတာကို အခြား နေရာတွေမှာလည်း တိုးချဲ့လုပ်ဆောင်သွားရန် စီစဥ်ထားတယ်လို့ ဆိုပါတယ်။ "ဒီပုံစံအတိုင်းတော့ ဆက်မသွားနိုင်ပါဘူး၊ ပြီးတော့ ဒါက စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ဖြစ်ရတာ မဟုတ်ဘူးဗျာ" လို့ Thapakorn Asawalertkul ပြောပါတယ်။

အစိုးရကို စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်လို့ ကျွန်တော် အပြစ်မပြောပါဘူး၊ ဒီရောဂါက တစ်နိုင်ငံလုံးကို ဂယက်ရိုက်တာပါပဲ၊ ဒါပေမဲ့ တက္ကစီလုပ်ငန်းရှင်တွေကို အစိုးရက အကူအညီအချို့ ပေးရမှာ

"ကပ်ရောဂါက ဖြစ်လာတယ်၊ ဘယ်သူမှ တစ်ယောက်ကိုတစ်ယောက် အပြစ်မတင်ကြပါဘူး၊ အစိုးရကို စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်လို့ ကျွန်တော် အပြစ်မပြောပါဘူး၊ ဒီရောဂါက တစ်နိုင်ငံလုံးကို ဂယက်ရိုက်တာပါပဲ၊ ဒါပေမဲ့ တက္ကစီလုပ်ငန်းရှင်တွေကို အစိုးရက အကူအညီအချို့ ပေးရမှာ" လို့ သူက ဖွင့်ဟခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းကနေ အဓိက ဝင်ငွေရနေခဲ့တဲ့ ထိုင်းနိုင်ငံဟာ ကမ္ဘာ့ကပ်ရောဂါကြောင့် သိသိသာသာ အထိနာခဲ့ပါတယ်။ လက်ရှိအချိန်အထိ ထိုင်းမှာ COVIDV-19 ကူးစက်ခံရသူ ၁.၄ သန်းကျော်နဲ့ သေဆုံးသူ ၁၅,၀၀၀ ကျော်ရှိခဲ့ပါတယ်။

Ref: CNA, Photo: Pichayada Promchertchoo

Share

က္က