လီဗာပူးက လူစုံတက်စုံနဲ့ ဘန်ကောက်မြို့ကို ရောက်ရှိလာတာပါ။

လီဗာပူးဟာ ဒီကနေ့မှာပဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးဟာ ဇူလိုင် (၁၂) ၊ ရာဇမင်္ဂလာကွင်းကြီးထဲမှာ ယူနိုက်တက်နဲ့ ရာသီကြိုခြေစမ်းပွဲ ပထမဆုံးပွဲအဖြစ် ရင်ဆိုင်ကစားသွားမှာပါ။ အခု ခရီးစဥ်အတွက်လည်း လီဗာပူးက ကစားသမား (၃၇) ယောက်ခေါ်ဆောင်လာပြီး လူစုံတက်စုံပါဝင်လာခဲ့ပါတယ်။





လီဗာပူးပရိသတ်တွေကလည်း လေဆိပ်မှာ သူတို့အားပေးတဲ့အသင်းကို လာရောက်စောင့်ဆိုင်းကြိုဆိုခဲ့ပြီး လီဗာပူးကလည်း ဆာလာ၊ ဖေမီနို၊ ဒါဝင်နူနက်ဇ်တို့အပါအဝင် အဓိက,ကစားသမား အစုံအလင်နဲ့ မျိုးဆက်အပြည့် ခေါ်ဆောင်လာခဲ့တယ်လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။ ဘန်ကောက်မြို့ကိုရောက်ရှိပြီး မီဒီယာတွေနဲ့ တွေ့ဆုံတဲ့နေရာမှာတင် ကလော့ပ်က အခုလိုပြောကြားခဲ့တာပါ။



“ကျနော်တို့ အခု ဒီဘန်ကောက်ကို ကစားသမား (၃၇) ယောက်ခေါ်ဆောင်လာခဲ့ပါတယ်။ အသင်းရဲ့မျိုးဆက်အစုံ ဒီကို လိုက်ပါလာခဲ့ပြီး သူတို့အားလုံးကို ကျနော် အသုံးပြုသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ကစားသမားအချို့က နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့ရတာကြောင့် ဒီကနေ့မှပဲ ကျနော်တို့နဲ့ ပူးပေါင်းခွင့်ရရှိခဲ့တာပါ။ အခုလို ပူးပေါင်းလာနိုင်တာကပဲ တော်တော်ကောင်းနေပါပြီ”

“သူတို့ကတော့ အကြာကြီး ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အတွက် တတ်နိုင်သလောက် ပွဲကစားချိန်ရအောင် ကျနော်တို့ ကြိုးစားသွားမှာပါ” လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။ ကလော့ပ် ရည်ညွှန်းတဲ့ ကစားသမားတွေကတော့ ဗန်ဒိုက်ချ်၊ အာနိုးလ်၊ ရော်ဘတ်ဆန်၊ သီယာဂို၊ ကီတာ၊ ဒါဝင်နူနက်ဇ်တို့လို ကစားသမားတွေပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံက ပရိသတ်တွေအတွက်ကတော့ လီဗာပူးရဲ့ အင်ပြည့်အားပြည့် ကစားသမားစာရင်းကို ကြိုဆိုခွင့်ရရှိခဲ့ပါတယ်။ အခု ကလော့ပ်ရဲ့ ပြောစကားကြောင့် ယူနိုက်တက်နဲ့ပွဲမှာလည်း ဆာလာ၊ ဖေမီနို၊ ဒါဝင်နူနက်ဇ်၊ သီယာဂို၊ ဗန်ဒိုက်ချ်၊ အာနိုးလ်၊ အယ်လစ်ဆန်တို့ရဲ့ ကစားပုံကို ခဏပဲဖြစ်ဖြစ် မြင်တွေ့ခွင့်ရရှိကြဦးမှာပါ။ 

Share

Loading Next Article...
က္က