ကွင်းလယ်မှာ ကမ္ဘာ့အဆင့်ခြေစွမ်းမျိုး ပြသနေခဲ့တာပါ။

စကော့ မက်တော်မီနေးဟာ ကြာသပတေးနေ့ညက ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်း ကွင်းလယ်မှာ ကမ္ဘာ့အဆင့် ခြေစွမ်းပြသခဲ့ပြီးနောက် ပရိသတ်တွေက ပီယာလိုနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။

အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်း ၁၀ မိနစ်မှာ အလွန်ကောင်းမွန်တဲ့အဆုံးသတ်နဲ့ ဦးဆောင်ဂိုးကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပင်နယ်တီ ဧရိယာထိပ်နားမှာ ထိုးပေးလိုက်တဲ့ ဘောလုံးကို မက်တော်မီနေးက ဘန်လေ နောက်ခံလူတွေ ပိတ်ဆို့ထားတဲ့ကြားကနေ လှလှပပ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။



မက်တော်မီနေးဟာ နောက်ပိုင်းမှာလည်း ပင်နယ်တီဧရိယာထိပ်ကနေ အပြင်းကန်သွင်းယူခဲ့သေးပြီး ၎င်းရဲ့ ကြောက်မက်ဖွယ် ဂိုးကန်သွင်းချက်ကို ဘန်လေဂိုးသမား ဟန်နက်ဆီက ပုတ်ထုတ်လိုက်ရာမှာ တိုင်ထိထွက်လာတဲ့ဘောလုံးကို ရော်နယ်လ်ဒိုက အသာအယာ အလိုက်သင့်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စကော့တလန်ကွင်းလယ်ကြယ်ပွင့်ရဲ့ စိတ်လှုပ်ရှားဖွယ် စွမ်းဆောင်ရည်ဟာ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံခဲ့ရပြီး မက်တော်မီနေးကို အီတလီဂန္တဝင် ပီယာလိုနဲ့ နှိုင်းယှဉ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

"ဟင့်အင်း။ ဒါက မက်တော်မီနေးမဟုတ်ဘူး။ အဲဒါ ပီယာလို ရုပ်ဖျက်ပြီး လာကစားနေတာ။ ဒါပေမယ့် ဒီ မက်တော်မီနေးကို အရမ်းကြိုက်တယ်"လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး "မက်တော်မီနေးက ဒီည သူ့ကိုယ်သူ ပီယာလိုလို့ ထင်နေတဲ့ပုံပဲ။ ဘန်လေက မက်တော်မီနေးကို နေရာလွတ်တွေပေးပြီး ပီယာလိုနဲ့ တူအောင် လုပ်နေတာ"လို့ နောက်ထပ် ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ ပထမပိုင်း ၁၀ မိနစ်အတွင်းမှာ တစ်ဦးချင်း ကန်သွင်းခွင့် ရရှိခဲ့ပေမယ့်လည်း လွဲချော်ခဲ့ပြီး လုခ် ရှောရဲ့ ကော်တင်ပေးလိုက်တဲ့ ဘောလုံးကို ပေါ်တူဂီကြယ်ပွင့်က ကျွမ်းကျင်စွာနဲ့ ထိန်းပြီး ဟန်နက်ဆီနဲ့ တစ်ဦးချင်း ကန်သွင်းခဲ့ရာမှာ ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ဂျေဒန် ဆန်ချိုက ဘယ်တောင်ပံကနေ ချိုးဝင်လာပြီး ဘန်လေဂိုးသမား ဟန်နက်ဆီရဲ့ ဘယ်ဘက်အောက်ထောင့်ကို မြေလှိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း မပြီးဆုံးခင်မှာပဲ အာရွန် လန်နွန်က ဘန်လေအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပြန်လည်သွင်းယူသွားခဲ့ပြီး နောက်ခံလူတွေ ပိတ်ဆို့ထားတဲ့ကြားက ဂိုး ညာဘက်ထောင့်ကို ကန်သွင်းခဲ့တဲ့ မြေလှိမ့်ဘောကို ဒီဂီယာ ပုတ်ထုတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်ဖျားနဲ့သာ ထိပြီး ဂိုးပိုက်ထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘန်လေနဲ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ တစ်ပွဲလျော့ ၄ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

Share

က္က