သူ့ သူငယ်ချင်းကိုပဲ ပေးမယ်လို့ ပြောလိုက်တာပါ။

အက်သလက်တီကိုမက်ဒရစ်ကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ ဆွာရက်ဇ်က ဒီနှစ် ဘလွန်းဒီအောဆုကို မက်ဆီကိုပဲ ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာမှာ အသင်းဖော်တွေဖြစ်ခဲ့ပြီး အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေအဖြစ်ရှိနေခဲ့တဲ့နောက်မှာ ဆွာရက်ဇ်က မက်ဆီကို အချစ်ပိုနေပုံရပြီး ဘန်ဇီမာ ဘယ်လောက်ကောင်းကောင်း မက်ဆီပဲ ပေးမယ်လို့ ဆိုခဲ့တာပါ။

မက်ဆီဟာ ပြီးခဲ့တဲ့နှစ်အတွက် ဘလွန်းဒီအောဆုကိုလည်း ရရှိထားပြီး ၇ ကြိမ်အထိ ဆွတ်ခူးထားတာပါ။ ဒီရာသီမှာတော့ ပီအက်စ်ဂျီအတွက် မက်ဆီတယော​က် လိဂ်ဂိုး ၆ ဂိုးတည်းသာ သွင်းယူထားနိုင်ခဲ့ပြီး လီဂူးဖလားအောင်မြင်မှုသာ ရရှိခဲ့လို့ ဘလွန်းဒီအောဆုအတွက်က မျှော်လင့်ချက်မရှိသလောက်ဖြစ်သွားပါပြီ။ ဒါပေမယ့် ဆွာရက်ဇ်ကတော့ မက်ဆီမှ မက်ဆီဖြစ်နေပါတယ်။ 

"ဒီနှစ် ဘလွန်းဒီအောဆုက ဘန်ဇီမာအတွက်လား၊ ဟုတ်မှာပါ၊ သူရဲ့ အကောင်းဆုံးဘောလုံးရာသီလည်းဖြစ်ပါတယ်၊ ဒါပေမယ့် ကျနော့်အတွက်တော့ မက်ဆီကပဲ ကမ္ဘာ့အကောင်းဆုံးကစားသမားပါ၊ အမြဲတမ်းအတွက်ပါ၊ ဘလွန်းဒီအောဆုအတွက်လည်း သူ့ကိုပဲပေးမှာပါ" လို့ ဆွာရက်ဇ်က ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 

ဒီလိုပြောဆိုမှုအပေါ်မှာ ပရိသတ်တွေက ဝေဖန်နေပြီလည်းဖြစ်ပါတယ်။ မက်ဆီရဲ့ အဆိုးဝါးဆုံးဘောလုံးရာသီဖြစ်နေမှန်းသိသိနဲ့တောင် အခုလိုမျိုး ပေးမယ်လို့ ဆိုခဲ့တာက ခြေစွမ်းပြခဲ့သူတွေကို စော်ကားတာဖြစ်တယ်လို့ တချို့ကဆိုပါတယ်။ ပုဂ္ဂိုလ်ရေးအရခင်မင်မှုနဲ့ ခြေစွမ်းပိုင်းကို ရောယှက်ပြီး ဆွာရက်ဇ်က ပြောဆိုခဲ့တယ်လို့လည်း ဝေဖန်နေကြပါတယ်။ 


Share

Loading Next Article...
က္က