ဆော်ဒီကလပ် အယ်လ်အီတီဟတ်နည်းပြ နူနိုဆန်တိုဟာ အဝတ်လဲခန်းမှာ ဘန်ဇီမာနဲ့ အကြီးအကျယ် စကားများပြီးနောက် ရာထူးက အထုတ်ခံခဲ့ရတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အီရတ်မှာ ကစားခဲ့တဲ့ အယ်လ်ဂျာဝီယာနဲ့ အာရှချန်ပီယံလိဂ်ပွဲမှာ အခုလိုမျိုးပဲ စကားများခဲ့တာဖြစ်ပါတယ်။



ပထမပိုင်းအပြီး အယ်လ်အီတီဟတ်တို့ တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်နေချိန်မှာ နူနိုဆန်တိုက အဝတ်လဲခန်းအတွင်း ဘန်ဇီမာကို ဝေဖန်ခဲ့ပါတယ်။ နူနိုဆန်တိုက “ဘန်ဇီမာ... မင်းက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားပါ။ ဒါပေမယ့် မင်းက ပြိုင်ဘက်ကို ဖိအားပေးဖို့ အရမ်းကို ပျင်းရိလွန်းတယ်ကွာ” လို့ ပြောဆိုခဲ့ရာကနေ ပြဿနာအစပြုခဲ့တာပါ။
ဘန်ဇီမာကလည်း “ခင်ဗျား ကျွန်တော့်တစ်ယောက်တည်းကို မပြောနဲ့၊ အားလုံးကို ပြော” လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒီအချိန်မှာလည်း နူနိုဆန်တိုက “မင်းက အသင်းခေါင်းဆောင်၊ အားလုံးအတွက် စံပြ၊ အရေးအကြီးဆုံး ကစားသမားလေ။ မင်းက ဒီမှာရှိတဲ့ ကစားသမားတွေအတွက် ရှေ့ဆောင်လမ်းပြ စံနမူနာဖြစ်ရမှာပေါ့” လို့ ပြောဆိုခဲ့ပါတယ်။​
အဲ့ဒီနောက်မှာတော့ နှစ်ယောက်အကြား ဆက်ဆံရေးက အဆိုးရွားဆုံး ဖြစ်သွားခဲ့ပြီး နူနိုဆန်တိုလည်း ရာထူးကနေ အထုတ်ပယ်ခံလိုက်ရပါတယ်။ နူနိုဆန်တိုနဲ့ ဘန်ဇီမာတို့ဟာ ဒီရာသီအစောပိုင်းကတည်းက ပြဿနာဖြစ်ပွားခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဒါပေမယ့် အခုချိန်မှာတော့ နှစ်ယောက်အကြား ပြဿနာက ငြင်းဆန်လို့မရအောင် ဖြစ်ခဲ့ပြီး နူနိုဆန်တိုလည်း ရာထူးကနေ နှုတ်ထွက်လိုက်ရပါတယ်။ အယ်လ်အီတီဟတ်ကတော့ နည်းပြသစ်အဖြစ် လောရင့်ဘလန့်၊ ဇီဒန်းတို့လို ပြင်သစ်လူမျိုးနည်းပြတွေကို ပစ်မှတ်ထားနေပါတယ်။

Share

Loading Next Article...
က္က