အဓိကနောက်ခံလူ ၃ ဦးအထိ ပါဝင်နိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။

ဒီနေ့ညမှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကို ကစားရမယ့် မန်စီးတီးအသင်းဟာ အဓိကကစားသမားနှစ်ဦးဖြစ်တဲ့ ကိုင်လီဝေါ်ကာ နဲ့ ဂျွန်စတုန်းစ်တို့နှစ်ဦးဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။ အကြောင်းရင်းကို အတိအကျမသိရပေမယ့်လည်း အင်္ဂလန်ကစားသမားနှစ်ဦးဟာ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ယူဆရပါတယ်။ 

ပရီးမီးယားလိဂ်မှာလည်း လီဗာပူးလ်နဲ့အပြိုင် အကြိတ်အနယ်ယှဉ်ပြိုင်နေရတဲ့ မန်စီးတီးဟာ သူတို့ရဲ့ ပထမဆုံးချန်ပီယံလိဂ်ဆုဖလားရယူဖို့အတွက် ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလိုမျိုး အားထားရတဲ့ နောက်ခံလူနှစ်ဦးမပါဝင်နိုင်ဘူးဆိုရင် ဂွာဒီယိုလာအတွက်တော့ စိုးရိမ်စရာတွေဖြစ်လာဖို့ရှိနေပါတယ်။ ဘာလို့လဲဆိုရင်တော့ ရီးရဲလ်မှာ ဗင်နီရှပ်နဲ့ ဘန်ဇီမာတို့က အတွဲအဖက်မိနေပြီး ခြေစွမ်းပြနေလို့ဖြစ်ပါတယ်။ 

ဝေါ်ကာကတော့ အက်သလက်တီကိုနဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ကစားပေးနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ သူ့ရဲ့အခြေအနေကိုတော့ နောက်ဆုံးအချိန်ထိစောင့်ကြည့်သွားရမယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဂွာဒီယိုလာက ပြောဆိုခဲ့ပြီး ဂျွန်စတုန်းစ်ကတော့ တံကောက်ကြောဒဏ်ရာကို ဘရိုက်တန်နဲ့ပွဲမှာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ကန်ဆယ်လိုကလည်း အက်သလက်တီကိုနဲ့ပွဲမှာ အဝါကတ်ပြသခံခဲ့ရလို့ ဒီနေ့ကစားရမယ့် ပထမအကျော့ကို ပွဲပယ်ခံထားရကာ မန်စီးတီးမှာ ခံစစ်အစွန်လူတွေ အားနည်းချက်ရှိနေပါတယ်။ ဒါဟာ ဘယ်တောင်ပံမှာကစားနေတဲ့ ဗင်နီရှပ်ကို ထိန်းသိမ်းဖို့၊ တိုက်စစ်ပိုင်းနေရာစုံလိုက်ကစားနေတဲ့ ဘန်ဇီမာကို တားဆီးဖို့အတွက် မန်စီးတီးခံစစ်ပိုင်းမှာ ပြသနာတွေရှိလာဖွယ်ရာလည်း ရှိနေပါတယ်။ 


Share

Loading Next Article...
က္က