ရပ်ရှ်ဖို့ဒ်နဲ့ပတ်သက်လို့ အကြံပေးခဲ့တာပါ။

ဒီစီယူနိုက်တက်နည်းပြ ရွန်းနီက ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်အနေနဲ့ အမ်ဘာပေ၊ ဟာလန်းတို့လို အဆင့်အတန်းမျိုးကို ရောက်ချင်တယ်၊ သူတို့ကို လိုက်မီချင်တယ်ဆိုရင် ယူနိုက်တက်အတွက် ဆုဖလားတွေ ဆွတ်ခူးပေးနိုင်ဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။



ရပ်ရှ်ဖို့ဒ်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်နဲ့ (၂၀၂၈) ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ပရိသတ်တွေအတွက် အားထားရတဲ့ အနာဂတ်ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး တန်ဟက်ခ်ကိုယ်တိုင်ကလည်း ရပ်ရှ်ဖို့ဒ်ကို ယူနိုက်တက်ရဲ့ အဓိက,ကစားသမားအဖြစ် သတ်မှတ်ထားပါတယ်။

ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ရွန်းနီကလည်း “ရပ်ရှ်ဖို့ဒ်မှာ အံ့အားသင့်ဖွယ်ကောင်းတဲ့ အရည်အသွေးတွေရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက်လည်း ကျွန်တော် ဝမ်းသာပါတယ်။ လာမယ့်ငါးနှစ်မှာ သူ့ရဲ့ အမွေအနှစ်နဲ့ စွမ်းဆောင်ရည်က အရေးပါလာမယ်လို့ ကျွန်တော် ထင်ပါတယ်”

“သူက ဂိုးတွေ အများကြီး သွင်းနိုင်တဲ့ ကစားသမားပါ။ ဒါပေမယ့် သူ့အနေနဲ့ အမ်ဘာပေ၊ ဟာလန်းတို့လို အဆင့်မျိုးကို ရောက်ချင်တယ်ဆိုရင်တော့ ယူနိုက်တက်အတွက် ဆုဖလားတွေ ပြန်လည်ရယူပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ သူလုပ်နိုင်မယ်လို့လည်း ကျွန်တော် ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဖာဂူဆန် အနားယူသွားခဲ့တဲ့ (၂၀၁၃) ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားနဲ့ ဆယ်စုနှစ်တစ်ခုအကြာ ဝေးကွာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ပုံမှန်ရရှိဖို့အတွက်တောင် ရုန်းကန်လာရပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နည်းပြဟောင်း ဗန်ဟားလ်စင်တင်ပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အရေးအကြီးဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါပြီ။ 

Share

Loading Next Article...
က္က