ရီးရဲလ်ဘက်က တရားမဝင်လုပ်ခဲ့တယ်လို့ ပီအက်စ်ဂျီတို့ ယူဆနေတာပါ။

ပီအက်စ်ဂျီဟာ အမ်ဘာပေရဲ့ အရေးကိစ္စအတွက် ရီးရဲလ်မက်ဒရစ်ကို ဖီဖာနဲ့ တိုင်ကြားသွားဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ ပီအက်စ်ဂျီဟာ လက်ရှိနွေရာသီမှာ အမ်ဘာပေကို မဖြစ်မနေ ရောင်းထုတ်ရမယ့် အရေးနဲ့ ရင်ဆိုင်နေရတာပါ။



အမ်ဘာပေဟာ အသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်ရှိတော့ပြီး လာမယ့်နွေမှာလည်း စာချုပ်သက်တမ်းမတိုးဘူးလို့ အတိအလင်း ပြောကြားပြီးဖြစ်ပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့နောက် ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။

အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီက ဒီကိစ္စအတွက် ရီးရဲလ်မက်ဒရစ်ကို ဒေါသထွက်နေပြီး အမ်ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိပြီးသားဖြစ်တယ်လို့ ပီအက်စ်ဂျီက ယူဆနေပါတယ်။ အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီတို့ ရီးရဲလ်မက်ဒရစ်ကို ဖီဖာထံ တရားဝင် တိုင်ကြားသွားဖို့ စဉ်းစားနေကြောင်း သတင်းတွေက ဖော်ပြနေတာပါ။

တကယ်လို့သာ ရီးရဲလ်မက်ဒရစ်နဲ့ အမ်ဘာပေတို့ အကြိုသဘောတူညီမှုရရှိထားတယ်ဆိုရင် ဒါက ဖီဖာရဲ့စည်းမျဉ်းတွေကို ချိုးဖောက်တာဖြစ်ပြီး ဒီအချက်ကို အသုံးချဖို့ ပီအက်စ်ဂျီက စီစဉ်နေတာပါ။ ပီအက်စ်ဂျီဟာ အမ်ဘာပေကို ဆော်ဒီကလပ် အယ်လ်ဟီလာထံ ရောင်းချဖို့လည်း ပြောင်းရွှေ့ကြေး သဘောတူညီမှုရထားပါတယ်။

ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဆော်ဒီကလပ်နဲ့ ဆွေးနွေးဖို့ကိုတောင် ငြင်းဆန်ထားပါတယ်။ ပီအက်စ်ဂျီဟာ အမ်ဘာပေကို အဆိုပါ ဆော်ဒီကလပ်ထံ ရောင်းချနိုင်ခဲ့ရင် ပြောင်းရွှေ့ကြေး ပေါင် (၂၅၉) သန်းအထိ ရရှိမှာပါ။ ဒါပေမယ့်လည်း အမ်ဘာပေကတော့ လက်မခံတာကြောင့် ပီအက်စ်ဂျီရဲ့ မြားဦးက အခုချိန်မှာ ရီးရဲလ်မက်ဒရစ်ဘက်ကို လှည့်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က