မိခင်ကလပ်အသင်းဆီကနေ ဘာနှုတ်ဆက်ပွဲမရှိဘဲ ထွက်ခွာခဲ့ရမှုကြောင့် အာဂျင်တီးနားကြယ်ပွင့်ဟာ ဝမ်းနည်းကြေကွဲခဲ့ရသလို နှုတ်ဆက်သတင်းစာရှင်းလင်းပွဲမှာ စိတ်ပျက်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အာဂျင်တီးနားဂျာနယ်လစ် ဂက်စတန် အီဒူးလ်က လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်ကျရင် ဘာစီလိုနာကို ပြန်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မိခင်ကလပ်အသင်းဆီကနေ ဘာနှုတ်ဆက်ပွဲမရှိဘဲ ထွက်ခွာခဲ့ရမှုကြောင့် အာဂျင်တီးနားကြယ်ပွင့်ဟာ ဝမ်းနည်းကြေကွဲခဲ့ရသလို နှုတ်ဆက်သတင်းစာရှင်းလင်းပွဲမှာ စိတ်ပျက်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဘုတ်အဖွဲ့ဟာ ဘလွန်ဒေါ ၇ ဆုရှင်ကို စာချုပ်သစ် ကမ်းလှမ်းလိုတဲ့ဆန္ဒမရှိတာကြောင့် အသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ အီဒူးလ်က ပီအက်စ်ဂျီကြယ်ပွင့်နဲ့ ဘာစီလိုနာဥက္ကဌ လာပေါ်တာတို့ဟာ ဆက်ဆံရေး အဆင်မပြေဖြစ်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းမှာ လာပေါ်တာ ဥက္ကဌအဖြစ် ရှိနေသရွေ့ကာလပတ်လုံး စပိန်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ငြင်းဆန်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ "မက်ဆီရဲ့ ကိုယ်စားလှယ်တွေနဲ့ လာပေါ်တာတို့ကြားက ဆက်ဆံရေးက မကောင်းဘူး။ မက်ဆီက ဘာစီလိုနာကို ချစ်တယ်။ ဒါပေမယ့် အသင်းဘုတ်အဖွဲ့ကိုတော့ လုံးဝကို ဆန့်ကျင်ဘက်သဘောထားတယ်။ ၂ ဖက်ကြားက ဆက်ဆံရေးက အကောင်းဆုံးပုံစံနဲ့ အဆုံးမသတ်ခဲ့ဘူး"လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


နောက်ထပ် အာဂျင်တီးနားဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ရိုဒိုလ်ဖို စင်ဂိုလာနီကလည်း "ကျွန်တော် ရထားတဲ့ သတင်းအချက်အလက်က ဆက်ဆံရေး အဆင်မပြေကြဘဲ လက်ရှိအခြေအနေက မက်ဆီအနေနဲ့ ဘာစီလိုနာကို ပြန်သွားမှာမဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပြီး အီဒူးလ်က "ခင်ဗျား ပြောတာတွေက အမှန်ပဲ"လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

Share

Loading Next Article...
က္က