သူတို့တွေ့ချိန်မှာ ဖြစ်ပျက်ခဲ့တာကို ပြောပြခဲ့တာပါ။

ဘာစီလိုနာဆိုတဲ့ အသံကိုကြားတာနဲ့ မက်ဆီရဲ့ မျက်လုံးတွေဟာ အရောင်ချက်ချင်းတောက်လာခဲ့တယ်လို့ လီဝန်ဒေါစကီးက ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းက ကျင်းပခဲ့တဲ့ Laureus World Sports ဆုပေးပွဲမှာ တွေ့ဆုံခဲ့ကြပြီးနောက် နှစ်ဦးသား မျက်နှာချင်းဆိုင်ကာ စကားစမြည်ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ လီဝန်ဒေါစကီးက ဘာစီလိုနာအတွက်ကစားနေပြီး မက်ဆီကတော့ ပီအက်စ်ဂျီအတွက်ကစားနေကာ အသင်းဟောာင်းဘာကာကို ပြန်လည်ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်နေတာပါ။ ဆုပေးပွဲမှာ​တွေ့ဆုံစဉ်အတွင်း သူတို့ပြောဆိုခဲ့တဲ့အကြောင်းကို လီဝန်ဒေါစကီးက ပြန်လည်ဖွင့်ဟခဲ့ရာမှာ မက်ဆီရဲ့ ဘာစီလိုနာအပေါ် သံယောဇဉ်ကြီးမှုကိုပါ သိရှိခဲ့ရတာဖြစ်ပါတယ်။ 

"ဘာစီလိုနာမှာ ကျနော်ရရှိခဲ့တဲ့ အတွေ့အကြုံတွေအကြောင်းကို ပြောချိန်မှာ သူ့မျက်လုံးတွေက အရောင်တောက်လာခဲ့ပါတယ်၊ ဒါက အံ့အားသင့်စရာတော့မဟုတ်ပါဘူး၊ သူက ဒီမှာပဲ ကြီးပြင်းလာခဲ့တယ်၊ ဒီမှာ သူ့ရဲ့ အိမ်ရှိနေပြီးတော့ မကြာမကြာလည်း လာလည်ပတ်တယ်လေ၊ ဘာစီလိုနာက သူ့ရဲ့ အိမ်ပါပဲ "လို့ လီဝန်ဒေါစကီးက ဆိုပါတယ်။ 

မက်ဆီကတော့ ဘာစီလိုနာနဲ့အတူ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပြီး ဘောလုံးလောကမှာ သူ့ခေတ်တခေတ်ကို တည်ထောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ပီအက်စ်ဂျီမှာ သူ အဆင်မပြေတဲ့နောက် အသင်းဟောင်းဘာစီလိုနာကို ပြောင်းရွှေ့နိုင်တယ်လို့ သတင်းထွက်ခဲ့သလို ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုလည်း ရရှိထားလို့ ဘယ်ကိုရွေးချယ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။ 

Share

Loading Next Article...
က္က