မက်ဂွိုင်းရားနဲ့ဘာစီလိုနာအကြား အပြောင်းအရွှေ့သတင်းတွေထွက်နေတာပါ။

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းရားဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် ငြင်းဆန်ပယ်ချလိုက်တယ်လို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့ရာသီတလျှောက်လုံး ဝေဖန်ခံခဲ့ရတဲ့ ဒီကစားသမားဟာ ယူနိုက်တက်မှာဆက်နေပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ဆိုပါတယ်။



ဒီသတင်းကိုတော့ The Mirror ဖော်ပြခဲ့တာဖြစ်ပြီး ဘာစီလိုနာရဲ့ မည်သည့်ချဥ်းကပ်မှုမျိုးကိုမဆို ငြင်းဆန်ပယ်ချဖို့ အေးဂျင့်ကို မက်ဂွိုင်းရားက အသိပေးထားပါတယ်။ သတင်းရင်းမြစ်က “ကစားသမားအချို့ အထူးသဖြင့် ဝေဖန်မှုတွေခံနေရတဲ့ ကစားသမားတွေဟာ ဘာစီလိုနာကသာ လာကမ်းလှမ်းမယ်ဆိုရင် သွားချင်ကြပါတယ်။ ဒါပေမယ့် မက်ဂွိုင်းရားကတော့ အဲ့ဒီလိုမဟုတ်ပါဘူး”

“သူက ယူနိုက်တက်နဲ့အတူ အောင်မြင်တဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်လိုနေပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ အကောင်းဆုံး အနေအထားမှာရှိလာတယ်ဆိုရင် မက်ဂွိုင်းရားက သူလိုချင်တဲ့အတိုင်း ကွက်တိဖြစ်လာမှာပါ။ သူကတော့ ထုံးစံအတိုင်းပဲ အကောင်းဆုံးလုပ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ကလည်း နွေရာသီအပြောင်းအရွှေ့အစပိုင်းမှာ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကိုခေါ်ယူဖို့အတွက် မက်ဂွိုင်းရားကိုပါ အလိုက်ပေးကမ်းလှမ်းမယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဘာစီလိုနာအနေနဲ့လည်း နောက်တန်းကို အားဖြည့်ဖို့ လိုအပ်နေပြီး ပီကေးနေရာကို ရေရှည်အစားထိုးဖို့ စဥ်းစားနေတာပါ။

မက်ဂွိုင်းရားဟာ ယူနိုက်တက်ရဲ့ လက်ရှိကစားပြီးတဲ့ ရာသီကြိုခြေစမ်းပွဲ (၄) ပွဲမှာ (၃) ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ဘန်ကောက်မြို့မှာ ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲကိုသာ ဒဏ်ရာပြဿနာအနည်းငယ်ရှိနေတာကြောင့် လွဲချော်ခဲ့ရပါတယ်။ လက်ရှိယူနိုက်တက် ဗဟိုနောက်ခံလူနေရာအတွက် မက်ဂွိုင်းရားအပြင် လင်ဒီလော့ဖ်၊ ဗာရန်း၊ နောက်ခံလူသစ် လီဆန်ဒရိုမာတီနက်ဇ်တို့လည်း ပုံမှန်တနေရာအတွက် အားပြိုင်ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က