ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး မက်ဆီဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကန အနားယူတဲ့အချိန်ကျရင် ဘာစီလိုနာကို ပြန်သွားချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လီယွန်နယ် မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ဘာစီလိုနာရဲ့ တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရတာဖြစ်ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းအတွက် လက်ရှိမှာ ကစားပေးနေပေမယ့်လည်း ချစ်မြတ်နိုးရတဲ့ မြို့ကို ပြန်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Albiceleste Talk က ဖော်ပြခဲ့ပါတယ်။
"ကျွန်တော့်ကစားသမားဘဝကို အဆုံးသတ်တဲ့အချိန်ကျရင် ကျွန်တော် ဘာစီလိုနာကို ပြန်သွားမှာပါ။ အဲဒါက ကျွန်တော့်အိမ်ပါ"လို့ ပြောကြားခဲ့ပါတယ်။ လီယွန်နယ် မက်ဆီဟာ ဂုဏ်သိက္ခာကြီးမားတဲ့ လာ မာစီယာအကယ်ဒမီကနေတဆင့် ထွက်ပေါ်လာခဲ့တဲ့ကစားသမားဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် ၂၀၀၄ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ကစားပေးခဲ့တာ ဖြစ်ပါတယ်။
ဒီအချိန်အတောအတွင်းမှာ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၅၂၀ ပါဝင်ကစားပေးခဲ့ရာမှာ ၄၇၄ ဂိုးအထိ စံချိန်တင် သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။