ချယ်လ်ဆီး၊ လီဗာပူးလ်တို့ကို သူတို့အသင်းက အနိုင်ရထားပြီးပြီလို့လည်း ဝံ့ကြွားခဲ့ပါသေးတယ်။

ဝက်စ်ဟမ်းဟာ ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲကို အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ပေမယ့် ပထမနေရာကနေ ၃၂ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ 


ယူရိုပါလိဂ် ၃၂ သင်းအဆင့်မှာ ဘာစီလိုနာလို အသင်းမျိုးနဲ့ ရင်ဆိုင်ရနိုင်တဲ့ အနေအထားမှာရှိနေပေမယ့် သူတို့က ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်က ပြောဆိုလိုက်ပါတ်။ ဝက်စ်ဟမ်းဟာ ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲကို အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ပေမယ့် ပထမနေရာကနေ ၃၂ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

စကော့လူမျိုးနည်းပြရဲ့အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ချန်ပီယံလိဂ်ချန်ပီယံချယ်လ်ဆီးကို အနိုင်ယူထားပြီးဖြစ်သလို ရက်သတ္တပတ်အနည်းငယ်တုန်းကလည်း ၂၀၁၉ ချန်ပီယံလိဂ်ချန်ပီယံလီဗာပူးလ်ကို အနိုင်ရထားပြီးဖြစ်ပါတယ်။ လာမယ့် အဆင့်တွေမှာတော့ ဘာစီလိုနာ၊ ပေါ်တိုနဲ့ ဆီဗီလာတို့လို အသင်းတွေက ချန်ပီယံလီဂ်ကပြုတ်ပြီး ယူရိုပါလိဂ်ကို ရောက်ရှိလာမှာဖြစ်ကာ မိုယက်စ်က ဘာမှထိတ်လန့်စရာမရှိဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

"ကျွန်တော်တို့ အသင်းကြီးအများအပြားနဲ့ ရင်ဆိုင်ရဖို့ရှိနေပေမယ့်လည်း လက်ရှိအချိန်မှာ ကျွန်တော်တို့ကလည်း အသင်းကြီးတသင်းလို့ ထင်မြင်မိပါတယ်၊ အသင်းအများအပြားက ကျွန်တော်တို့နဲ့ ကစားရဖို့ကို ထိတ်လန့်နေကြပါတယ်၊ တကယ်လို့ သူတို့နဲ့ရင်ဆိုင်ရမယ်ဆိုရင်လည်း ကျွန်တော်တို့က အကောင်းဆုံးပုံစံ၊ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်မယ်လို့ မျှော်လင့်ထားပါတယ်"

"ကြည့်ပါ။ ဒီပြိုင်ပွဲမှာတွေ့ရတဲ့ နာမည်တွေက တကယ်ခက်ခဲစေမယ်ဆိုတာ သိနိုင်ပါတယ်၊ ချန်ပီယံလိဂ်ကနေ ရောက်လာမယ့်အသင်းတွေလည်းရှိနေပြီး သူတို့က ဗိုလ်လုပွဲဆီသွားနိုင်တဲ့အသင်းတွေပါ၊ ဒါပေမယ့် ကျွန်တော်တို့က ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ခဲ့တဲ့အသင်းတွေ၊ ဖလားရခဲ့တဲ့ အသင်းတွေကို လောလောလတ်လတ်မှာပဲ အနိုင်ယူထားတဲ့အသင်းပါ၊ သူတို့အတွက် ပွဲကောင်းတပွဲပေးခဲ့တယ်လို့လည်း ကျွန်တော်ထင်ပါတယ်" လို့ မိုယက်စ်က ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ဝက်စ်ဟမ်းကတော့ ဒီရာသီမှာ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး၊ ယူနိုက်တက်တို့လိုအသင်းတွေကို အနိုင်ကစားထားတဲ့အသင်းဖြစ်ပြီး ပရီးမီးယားလိဂ်မှာ​ တော်တော်လေးခြေစွာနေကာ ယူရိုပါလိဂ်မှာလည်း စောစောစီးစီးပဲ နောက်တဆင့်တက်ထားခဲ့တဲ့အသင်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က