ပထမအကျော့မှာလည်း ဘိုင်ယန်မြူးနစ်က အနိုင်ရထားတာပါ။

ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်လ်စမန်းက ဒီကနေ့ညမှာ ကစားမယ့် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဥ်မှာ ပြိုင်ဘက်ကို ဒုက္ခပေးဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ လက်ရှိ ချန်ပီယံလိဂ်အုပ်စုမှာ နောက်တဆင့်ကို တက်ရောက်ပြီးသား အသင်းတသင်းပါ။



ဒါပေမယ့် ဘာစီလိုနာနဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်တို့ အားကုန်ထုတ်ကစားဖွယ်ရှိပြီး ဘာစီလိုနာအနေနဲ့လည်း ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာသာ အနိုင်မရရှိခဲ့ရင် ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာဖြစ်ပါတယ်။ ပထမအကျော့ မြူးနစ်မြို့မှာ တွေ့ဆုံခဲ့တုန်းကလည်း ဘာစီလိုနာတို့ ဘိုင်ယန်မြူးနစ်ကို အသာစီး ကစားခဲ့ပြီး အခွင့်အရေးတွေရခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကသာ အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခု ဒုတိယအကျော့ပွဲအတွက်လည်း နာဂယ်လ်စမန်းက “ကျနော်တို့က နောက်တဆင့်ကို တက်ရောက်ပြီးသားပါ။ အရိုးသားဆုံးပြောရရင် ဘယ်အသင်းက ကျနော်တို့နဲ့အတူတူ တက်မယ်ဆိုတာက အရေးမကြီးပါဘူး။ ကျနော့်အတွက် တခုတည်းသော အရေးကြီးဆုံးက ကျနော်တို့ လုပ်စရာရှိတာလုပ်ဖို့၊ အုပ်စု ပထမရဖို့ပါပဲ”

“ဘာစီလိုနာနဲ့ ဘာမှဆန့်ကျင်နေစရာ မလိုအပ်ပါဘူး။ ဒါပေမယ့် ကျနော်တို့က အနိုင်ကန်ဖို့ စိတ်အားထက်သန်နေပါတယ်။ တကယ်လို့ ခင်ဗျားအနေနဲ့ ချန်ပီယံလိဂ်ဖလားယူချင်တယ်ဆိုရင် ခင်ဗျားရဲ့ ပြိုင်ဘက်တွေကို ကြိုပြီး သတိပေးထားဖို့ လိုအပ်ပါတယ်။ အခု ဘာစီလိုနာနဲ့ပွဲက ဒါမျိုး သေချာပေါက် လုပ်ရမယ့်ပွဲတပွဲပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာလည်း ဘာစီလိုနာကို ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲမှာပဲ အနိုင်ယူကာ ယူရိုပါလိဂ်ကို ပို့ဆောင်ပေးခဲ့ပါသေးတယ်။ ဒီကနေ့ညမှာလည်း ဘာစီလိုနာက ဘိုင်ယန်မြူးနစ်ကို မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်ပြီး သရေကျခဲ့ရင်တောင် ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ထွက်ပြီး ယူရိုပါလိဂ်ကို ရောက်ရှိမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က