ဝုလ်ဗ်နဲ့ ဘာစီလိုနာအကြားဖြစ်ပွားခဲ့တာပါ။

ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်ဟာ ဘာစီလိုနာကနေ အငှားနဲ့ခေါ်ယူထားတဲ့ ထရင်ကာအိုကို အပြီးသတ်မခေါ်ယူဖြစ်တာကြောင့် ဘာစီလိုနာကို ပေါင် (၅) သန်း ပြန်ပေးလိုက်ရတယ်လို့ သိရှိရပါတယ်။ ထရင်ကာအိုရဲ့ အငှားစာချုပ်မှာ အပြီးသတ်ခေါ်ယူခွင့်ရှိပေမယ့် ဝုလ်ဗ်ကတော့ ကစားသမားကို မခေါ်ယူဖို့ ဆုံးဖြတ်လိုက်တာပါ။



ဘီဘီစီရဲ့ဖော်ပြချက်အရ ကစားသမားကို အငှားချတည်းက ဝုလ်ဗ်နဲ့ဘာစီလိုနာအကြား ဒီအတွက် သဘောတူညီထားခဲ့တယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် ဘာစီလိုနာက ထရင်ကာအိုကို ရောင်းချဖြစ်ခဲ့ရင် ပြောင်းရွှေ့ကြေးရဲ့ (၂၀) ရာခိုင်နှုန်းကို ဝုလ်ဗ်ထံ ပေးချေရမယ်လို့လည်း နှစ်သင်းကြား သဘောတူထားပါသေးတယ်။

ဘာစီလိုနာဟာ ဒီကစားသမားကို ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းထံ ပေါင် (၁၅.၅) သန်းနဲ့ ရောင်းချဖို့ ရှိနေပါသေးတယ်။ တကယ်လို့များ အပြောင်းအရွှေ့အပြီးသတ်ပြီးရင်တော့ ဝုလ်ဗ်အနေနဲ့ ဒီအတွက် ဘာစီလိုနာဆီကနေ ပေါင် (၃) သန်းဝန်းကျင်ရရှိဦးမှာပါ။ ဘာစီလိုနာအတွက်တော့ အခု ဝုလ်ဗ်ထံကရရှိလိုက်တဲ့ ပေါင် (၅) သန်းကတော့ တန်ဖိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဘာစီလိုနာဟာ လက်ရှိအချိန်မှာ ဘဏ္ဍာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ဒါတွေကို ကျော်လွှားဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရပါတယ်။ ထရင်ကာအိုကတော့ ပြီးခဲ့တဲ့ရာသီမှာ ဝုလ်ဗ်အတွက် ပွဲပေါင်း (၃၀) ကစားပေးပြီး ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပေမယ့် (၂၀၁၆) နောက်ပိုင်း တရာသီကို (၉) ဂိုးထက် ပိုမသွင်းနိုင်တဲ့မှတ်တမ်းကြောင့်ပဲ ဝုလ်ဗ်တို့ အပြီးသတ်မခေါ်ယူခဲ့တာလို့ ယူဆရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က