ဘက်တစ်နဲ့ပွဲမှာ သွင်းယူပြခဲ့တာပါ။

အက်သလက်တီကို တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းဟာ ဘက်တစ်ကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ လာလီဂါအဝေးကွင်းပွဲမှာ အသင်းအတွက် ပထမဦးဆောင်ဂိုးကို ထောင့်ကန်ဘောကတဆင့် သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ အက်သလက်တီကိုရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးလုံးကို အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဂရစ်ဇ်မန်းကပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။



ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ အက်သလက်တီကို,ကို အငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီး လာမယ့်ရာသီကုန်မှာတော့ အပြီးသတ် ပြောင်းရွှေ့လာတော့မှာပါ။ ဒီအတွက်လည်း ဂရစ်ဇ်မန်ရဲ့ ပြောင်းရွှေ့ကြေးကို အက်သလက်တီကိုတို့ ယူရိုသန်း (၂၀) ပေးချေခဲ့ရပါတယ်။ ကနဦးမှာတော့ ဘာစီလိုနာက အဆိုပါ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးအတွက် ယူရိုသန်း (၄၀) အထိ တောင်းဆိုခဲ့တာပါ။



ဒါပေမယ့် အက်သလက်တီကိုက ဂရစ်ဇ်မန်းကို ပွဲထွက်ခွင့်မပေးဘဲ တပွဲကို မိနစ် (၃၀) စီသာ ကစားခွင့်ပေးပြီး ဘာစီလိုနာကို ပညာပြခဲ့တဲ့နောက် အဆိုပါ ကတ်တလန်ကလပ်ဘက်က အက်သလက်တီကိုဘက်က သတ်မှတ်ပေးတဲ့ ပြောင်းရွှေ့ကြေးကို သဘောတူညီခဲ့တာဖြစ်ပါတယ်။ ဘက်တစ်နဲ့ပွဲမှာ အက်သလက်တီကိုတို့ အိမ်ရှင် ဘက်တစ်ရဲ့ အရင်ဆုံး ဦးဆောင်ဂိုးသွင်းခြင်းကိုခံခဲ့ရပေမယ့် ဒီဂိုးက ပယ်ဖျက်ခံခဲ့ရပါတယ်။

အဲ့ဒီနောက် ပွဲကစားချိန် (၅၄) မိနစ်မှာတော့ ဂရစ်ဇ်မန်းက အက်သလက်တီကိုအတွက် ဦးဆောင်ဂိုးကို ထောင့်ကန်ဘောကတဆင့် ကန်သွင်းပြီး ရယူပေးခဲ့တာဖြစ်ပါတယ်။ ဂရစ်ဇ်မန်းရဲ့ သွင်းဂိုးနဲ့ ပတ်သက်လို့ ပရိသတ်တွေက “ဂရစ်ဇ်မန်းတယောက် ဘာစီလိုနာကနေ ထွက်ခွာခဲ့ရတာကို ပျော်ရွှင်နေပြီလို့ ခင်ဗျားတို့ ပြောနိုင်ဆိုနိုင်ပါပြီ”

“အခုဆို ဂရစ်ဇ်မန်းက တကယ့် ဘောလုံးသမားကောင်းဖြစ်နေပါပြီ” “ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အဆုံးသတ်လဲ” အစရှိသဖြင့် အမျိုးမျိုး မှတ်ချက်ပေးခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ ဒီရာသီမှာ သွင်းဂိုး (၅) ဂိုး သွင်းယူပေးထားပြီး ပြီးခဲ့တဲ့ နောက်ဆုံး နှစ်ရာသီပေါင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်ထက် ပိုမိုများပြားတဲ့ သွင်းဂိုးပမာဏကို သွင်းယူထားနိုင်တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က