တစ်ရာသီ လုပ်ခလစာ ပေါင် ၁၁.၄ သန်း ရရှိမယ့် စာချုပ်ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အသင်းသစ် အယ်လ် နက်ဆာာ ဘာစီလိုနာဝါရင့်ကွင်းလယ်ကြယ်ပွင့် ဆာဂီယို ဘူးစ်ကတ်ကို ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။

ဆော်ဒီ အာရေဗျကလပ်အသင်းဟာ ၎င်းတို့ရဲ့ လူစာရင်းကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာဖြစ်ပြီး တိုက်စစ်အတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ကွင်းလယ်က နောက်ထပ် အင်အားဖြည့်တင်းမယ့်နေရာအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ESPN ရဲ့ သတင်းအရ အယ်လ် နက်ဆာဟာ ဘာစီလိုနာကွင်းလယ်ကြယ်ပွင့်ကို ယခုလမှာ ပြောင်းရွှေ့လာဖို့ တစ်ရာသီ လုပ်ခလစာ ပေါင် ၁၁.၄ သန်း ရရှိမယ့် စာချုပ်ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

စပိန်ကွင်းလယ်ကစားသမားဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲကို ရောက်ရှိနေသူဖြစ်ပြီး လက်ရှိမှာ ခေါ်ယူချင်တဲ့ အသင်းတွေနဲ့ အကြိုသဘောတူစာချုပ် ချုပ်ဆိုဖို့ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ရရှိနေပြီ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ နူးကမ့်ကနေ ထွက်ခွာဖို့သတင်းတွေ ထွက်ပေါ်နေခဲ့သူဖြစ်ပြီး ဒေးဗစ် ဘက်ခမ်းရဲ့ အင်တာ မိုင်ယာမီအသင်းဆီကနေ ကမ်းလှမ်းမှု ရရှိထားတာကြောင့် မေဂျာလိဂ်က ပြောင်းရွှေ့ဖို့များတဲ့ နေရာအဖြစ် ရှိနေတာ ဖြစ်ပါတယ်။ 


အယ်လ် နက်ဆာအသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် လူကာ မိုဒရစ်၊ ပီအက်စ်ဂျီ ဝါရင့်နောက်ခံကစားသမား ဆာဂျီယို ရာမို့စ်တို့နဲ့လည်း သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က