တွစ်တာအကောင့်ကနေ ရေးသားပြောဆိုလိုက်တာပါ။

သူ ဂိုးသွင်းပြီးတိုင်း အောင်ပွဲခံခဲ့တဲ့ ပုံရိပ်တွေကိုလည်း မူလာက ပြန်လည်ဖော်ပြခဲ့ပြီး ဘာစီလိုနာအပေါ်မှာ သူ ဘယ်လောက်ထိ အနိုင်ယူချင်နေတာလဲဆိုတာကိုပါ ပြသခဲ့ပါတယ်။ 


ဘာစီလိုနာကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်အတွက် အဖွင့်ဂိုးသွင်းယူပေးကာ ခြေစွမ်းပြခဲ့တဲ့ သောမတ်စ်မူလာက သူ့ရဲ့တွစ်တာအကောင့်မှာ နောက်ထပ်ထိုးနှက်မှုတွေ ထပ်မံပြုလုပ်သွားခဲ့ပါတယ်။ ဘိုင်ယန်ရဲ့နိုင်ပွဲကြောင့် ဘာစီလိုနာဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ပြုတ်ခဲ့ပြီး ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာလည်းဖြစ်ပါတယ်။ 

အဆိုပါပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့လို့ မူလာဟာ ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ဘယ်ကစားသမားထက်မဆို ဂိုးပိုသွင်းနိုင်တဲ့ ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ ဘလွန်းဒီအောဆုကို လီဝန်ဒေါစကီးမရရှိမှုနဲ့အတူ ဒီအတွက် ဘာစီလိုနာကို အနိုင်ကစားမယ်လို့ ကြုံးဝါးထားတဲ့အတိုင်း မူလာက ကိုယ်တိုင်ဂိုးသွင်းယူပြီး အသင်းနိုင်ပွဲရအောင်ပါ ကူညီနိုင်ခဲ့ပါတယ်။ 



"ဘာစီလိုနာနဲ့ကစားရတာကို ကျွန်တော်အရမ်းသဘောကျတယ်" လို့ တွစ်တာကတဆင့် မူလာက ရေးသားခဲ့တာဖြစ်ပါတယ်။ မူလာဟာ ဘိုင်ယန်ဲပ ၇ ပွဲရင်ဆိုင်ခဲ့ရာမှာ ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ရင်ဆိုင်ပြီး သူ ဂိုးသွင်းပြီးတိုင်း အောင်ပွဲခံခဲ့တဲ့ ပုံရိပ်တွေကိုလည်း မူလာက ပြန်လည်ဖော်ပြခဲ့ပြီး ဘာစီလိုနာအပေါ်မှာ သူ ဘယ်လောက်ထိ အနိုင်ယူချင်နေတာလဲဆိုတာကိုပါ ပြသခဲ့ပါတယ်။ 

မှတ်တမ်းတွေအရ ဘိုင်ယန်မြူးနစ်ဟာ ဘာစီလိုနာနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၃ ပွဲမှာ တပွဲကို ၃ ဂိုးနှုန်းအထိသွင်းယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ပွဲအပြီးမှာလည်း ဘာစီလိုနာက အမြင့်ဆုံးအဆင့်ပွဲစဉ်တွေမှာ ကစားနိုင်တဲ့ အရည်အသွေးမရှိတော့ဘူးလို့ မူလာက ပြောဆိုခဲ့ကာ ဘာစီလိုနာပရိသတ်တွေကို ဒေါသထွက်စေခဲ့သလို သူ့ရဲ့ တွစ်တာမှာရေးသားမှုကလည်း နာလိုခံခက်ဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။ 

Share

က္က