ပြင်သစ်တိုက်စစ်မှူးဟာ အရင်တုန်းက မိုနာကိုအသင်းမှာ ဘာနာဒို ဆေးလ်ဗားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ဘာစီလိုနာပစ်မှတ် ဘာနာဒို ဆေးလ်ဗားနဲ့ ပီအက်စ်ဂျီအသင်းမှာ အတူတူ ကစားချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီမှာ မန်ချက်စတာစီးတီးအတွက် နောက်ထပ်တစ်ကြိမ် အရေးပါတဲ့ ကစားသမားအဖြစ် ကစားပေးနေသူဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ယခုရာသီမှာ ပွဲ ၃၀ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မကြာသေးမီက ပေါ်တူဂီသတင်းဌာန Record နဲ့ အင်တာဗျူးမှာ ဆေးလ်ဗားက မန်စီးတီးကို စွန့်ခွာခဲ့မယ်ဆိုရင် မတူညီတဲ့နိုင်ငံကို ပြောင်းရွှေ့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ကလေးဘဝကလပ်အသင်းဖြစ်တဲ့ ဘင်ဖီကာကို ပြန်သွားချင်တဲ့ဆန္ဒကိုတောင် ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။


"ကျွန်တော် ဒီရာသီမှာအရမ်းအာရုံစိုက်နေပြီး အသင်းကိုစွန့်ခွာဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပြောဖို့က အဓိပ္ပာယ်မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရာသီအလယ်မှာ ရှိနေတာမို့လို့ပါ။ ကျွန်တော့်ရဲ့ ပန်းတိုင်က လာမယ့်နှစ်တွေမှာ တစ်နေရာရာမှာ ကောင်းမွန်တဲ့အရာတစ်ခုခု ဖြစ်ပျက်လာခဲ့မယ်ဆိုရင် စီမံကိန်းသစ်တစ်ခုကို ပြောင်းရွှေ့မှာ ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာကို ဖုံးကွယ်မှာမဟုတ်ပါဘူး။ အသက် ၂၉ နှစ်အရွယ်မှာ စီမံကိန်းအသစ်တစ်ခုထဲမှာ ပါဝင်ပြီး ကျွန်တော် ဒီစာချုပ်ကို အသက် ၃၄ နှစ်အရွယ်မှာပဲ အဆုံးသတ်မှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခင်ဗျားက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ခင်ဗျား ဘာစဉ်းစားခဲ့လဲလို့ မေးရင် ကျွန်တော့်ရဲ့ ရည်မှန်းချက်က အလွန်ဆုံး အသက် ၃၂ နှစ်အရွယ်မှာ ဘင်ဖီကာကို ပြန်သွားဖို့ပါ။ ကျွန်တော်ဒီနေ့ဘာတွေးနေလဲဆိုရင် အဲဒါက လာမယ့်နွေရာသီမှာ ဘာဖြစ်မလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်"

"အဲဒါက ကျွန်တော် မစဉ်းစားနေတဲ့အရာမဟုတ်ဘူးလို့ လိမ်မှာမဟုတ်ပါဘူး။ ကျွန်တော် အဲဒီကိစ္စကို နှစ်တိုင်း စဉ်းစားပါတယ်။ အဲဒါက အမြဲတမ်း ပန်းတိုင်တစ်ခု ဖြစ်ခဲ့ပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဥက္ကဌ လာပေါ်တာက ၎င်းတို့ရဲ့ လက်ရှိ ဘဏ္ဍာရေးအခြေအနေကြောင့် ကစားသမားခေါ်ယူမှုကို အပြီးသတ်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။ "ဘာနာဒို ဆေးလ်ဗားကို ယူရိုသန်း ၈၀ နဲ့ ခေါ်ယူဖို့က ဖြစ်မလာမှာ သေချာတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သူတို့ကို အဲဒီလောက် ပေးမှာမဟုတ်လို့ပါ"လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

The Sun ရဲ့သတင်းအရ အမ်ဘာပေဟာ ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ကို ပီအက်စ်ဂျီအသင်းမှာ မြင်တွေ့ချင်နေပြီး ပြင်သစ်တိုက်စစ်မှူးဟာ အရင်တုန်းက မိုနာကိုအသင်းမှာ ဘာနာဒို ဆေးလ်ဗားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က