ဘတ်ပီဟာ စပိန်ထိပ်သီးကလပ်ရဲ့ အဓိကပစ်မှတ်အဖြစ်ရှိနေသူဖြစ်ကာ စျေးကွက်ပိတ်သိမ်းခါနီးမှာ အားထုတ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူးကိုင်လီယန်ဘတ်ပီကို ခေါ်ယူဖို့အတွက် စျေးကွက်နောက်ဆုံးနေ့မှာ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ ibtimes ရဲ့ ဖော်ပြချက်အရ ရီးရဲလ်ဟာ ဘတ်ပီအတွက် ယူရိုသန်း ၂၀၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သိရပြီး ပီအက်စ်ဂျီဘက်က တုံ့ပြန်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
ဘတ်ပီဟာ စပိန်ထိပ်သီးကလပ်ရဲ့ အဓိကပစ်မှတ်အဖြစ်ရှိနေသူဖြစ်ကာ စျေးကွက်ပိတ်သိမ်းခါနီးမှာ အားထုတ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘတ်ပီအတွက် ရီးရဲလ်က ပထမတစ်ကြိမ်မှာ ယူရိုသန်း ၁၆၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီက ငြင်းဆန်ခဲ့ပြီး နောက်ထပ်တစ်ကြိမ်မှာ ယူရိုသန်း ၂၀၀ တိုးမြှင့်ပေးကာ ထပ်မံကမ်းလှမ်းခဲ့ပေမယ့် ပြင်သစ်ကလပ်က တု့ံပြန့်မှုမရှိခဲ့တာလည်းဖြစ်ပါတယ်။
ဘတ်ပီနဲ့ ပီအက်စ်ဂျီတို့ဟာ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး စာချုပ်သစ်မချုပ်ဆိုနိုင်သေးတာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ဇန်နဝါရီမတို်င်ခင် စာချုပ်သစ်အတွက် အဆင်မပြေပါက ဘတ်ပီက နှစ်သက်ရာအသင်းနဲ့ အကြိုသဘောတူညီမှုရယူနိုင်တော့မှာဖြစ်ပြီး ရာသီကုန်မှာ အလွတ်ထွက်ခွာသွားနိုင်မှာဖြစ်လို့ စာချုပ်သစ်ကိစ္စက ပီအက်စ်ဂျီအတွက် တော်တော်လေးအရေးကြီးနေပြီဖြစ်ပါတယ်။