ပြင်သစ်အသင်းဖော်နဲ့ အတူတူကစားချင်နေတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူးဘန်ဇီမာကတော့ ပြင်သစ်အသင်းဖော် လူငယ်တိုက်စစ်မှူးဘတ်ပီနဲ့ တွဲဖက်ကစားချင်နေတဲ့ သူ့ဆန္ဒတွေကို ထပ်မံဖွင့်ဟလိုက်ပါတယ်။ ဘတ်ပီဟာ လာမယ့်ရာသီမှာ ရီးရဲလ်ကိုရောက်လိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဘန်ဇီမာကလည်း ကလပ်အသင်းမှာ ဘတ်ပီနဲ့အတူတူကစားချင်တယ်လို့ ဆက်တိုက်ပြောဆိုနေခဲ့တာဖြစ်ပါတယ်။ 

ပြင်သစ်မှာ အတွဲအဖက်မိနေတဲ့ သူတို့နှစ်ဦးက ဘာနေဗျူးမှာလည်း လွယ်လွယ်ကူကူပဲဖြစ်လိမ့်မယ်လို့ ဘန်ဇီမာက ယုံကြည်နေပါတယ်။ ဗင်နီရှပ်၊ ဘတ်ပီနဲ့အတူ သူ ပါဝင်တဲ့ တိုက်စစ်က အံ့မခန်းစွမ်းဆောင်မှုတွေကို ပြုလုပ်နိုင်မယ်လို့လည်း ဘန်ဇီမာကပြောဆိုခဲ့ပြီး ရီးရဲလ်ကို ဘတ်ပီပြောင်းရွှေ့လာဖို့အတွက် စကားတွေခေါ်နေခဲ့ပြီဖြစ်ပါတယ်။ 

"ဘတ်ပီက ကျနော်၊ ဗင်နီးရှပ်စ်တို့နဲ့အတူ တတိယကြယ်ပွင့် ဖြစ်လားနိုင်သလားဆိုတော့ ဖြစ်လာနိုင်ပါတယ်။ ဒါကိုလည်း ကျနော် အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ။ အမ်ဘပ်ပီနဲ့ဆိုရင် ကျနော်တို့ အဆင်ပြေသွားပါပြီ။ ဘာလို့လဲဆိုတော့ သူဘာလုပ်နိုင်သလဲဆိုတာ ကျနော်တို့ အားလုံးသိတယ်လေ၊ ကျနော်နဲ့ သူက နိုင်ငံအသင်းမှာ အတူကစားနေတာပါ"

"ကလပ်အသင်းမှာလည်း အတူကစားချင်ပါတယ်။ ကျနော်တို့ နှစ်ယောက်ပေါင်းဆိုရင် သွင်းဂိုးတွေက နှစ်ဆ၊ သုံးဆလောက် တက်လာမှာပါ" လို့ ဘန်ဇီမာက ပြောဆိုခဲ့ပါတယ်။ ဘတ်ပီကတော့ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ပြိုင်ပွဲစုံသွင်းဂိုး၂၈ ဂိုးအထိ ရရှိထားကာ ပီအက်စ်ဂျီကစားသမားဘ၀မှာ ပွဲပေါင်း ၂၀၉ ပွဲကစားပေးထားပြီး ဂိုးပေါင်း ၁၆၀ အထိ သွင်းယူပေးထားပါတယ်။


ဘန်ဇီမာကလည်း ဒိရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၃၅ ပွဲမှာ ၃၄ ဂိုးအထိ ရရှိထားသူဖြစ်ပါတယ်။ ဗင်နီရှပ်ကတော့ ပြိုင်ပွဲစုံ ပွဲ ၄၀ မှာ ၁၇ ဂိုးသွင်းယူပေးထား​ပြီး ဂိုးဖန်တီးမှုအများအပြားပြုလုပ်ပေးထားခဲ့ပါတယ်။ 


Share

Loading Next Article...
က္က