မနက်ဖြန်မှာ ကွာတားဖိုင်နယ်ပွဲအဖြစ် ရင်ဆိုင်ရတော့မှာပါ။

ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ပြင်သစ်နဲ့ ရင်ဆိုင်ရမယ့် အင်္ဂလန်အသင်းက ကစားသမားတွေအနေနဲ့ ဘတ်ပီကို တားဆီးဖို့ အခွင့်အရေးလိုချင်တယ်ဆိုရင် စောစောစီးစီးအိပ်ယာဝင်သင့်တယ်လို့ ပြင်သစ်နောက်ခံလူအူပါမီကာနိုက ပြောဆိုလိုက်ပါတယ်။ အဆိုပါနှစ်သင်းကတော့ မနက်ဖြန်မှာ ကစားရမှာဖြစ်ပြီး ပရိသတ်စိတ်အဝင်စားဆုံး ကွာတားဖိုင်နယ်ပွဲလည်း ဖြစ်နေပါတယ်။ 

ပြင်သစ်အတွက် ဒီ ကမ္ဘာ့ဖလားမှာ ၅ ဂိုးအထိ သွင်းယူထားတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီကို ဟန့်တားဖို့အတွက် အမျိုးမျိုးပြောဆိုဆွေးနွေးနေကြချိန်မှာ အူပါမီကာနိုက အခုလိုပြောဆိုခဲ့တာပါ။ ဘတ်ပီကို တားဆီးရာမှာ အင်ပြည့်အားပြည့်ဖြစ်နေဖို့ လိုအပ်တယ်လို့ အူမာမီကာနိုက သွယ်ဝိုက်ပြောဆိုခဲ့တာဖြစ်ပြီး သူ့အသင်းဖော်ကို လွယ်လွယ်နဲ့ ဟန့်တားရမှာမဟုတ်ဘူးဆိုတာကိုပါ ပြောဆိုခဲ့တာပါ။ 

"ကိုင်လီယန်က ဘယ်သူနဲ့မှမတူဘဲ ကွဲပြားခြားနားတဲ့ တိုက်စစ်မှူးတဦးပါ၊ သူက ကမ္ဘာ့အဆင့်ကစားသမားဖြစ်ပြီးတော့ သူ့ကိုရင်ဆိုင်ပြီး ဟန့်တားဖို့ဆိုတာ ခက်ပါတယ်၊ ခင်ဗျား အိပ်ယာစောစောဝင်ထားဖို့တော့ လိုလိမ့်မယ်" လို့ အူပါမီကာနိုက ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟယ်ရီကိန်းကို ထိန်းချုပ်ရခက်မယ့် အခြေအနေမှာလည်း ရှိတယ်ဆိုတာကိုတော့ သူက ဝန်ခံခဲ့ပါတယ်။ 

"ကျနော်တို့ သူ့ကို ဘယ်လိုထိန်းရမလဲဆိုတာနဲ့ပတ်သက်ပြီး ပြောဖြစ်ခဲ့ပါတယ်၊ လိုရစ်နဲ့ ကိန်းက စပါးအသင်းဖော်တွေပါ၊ ကိန်းကိုလည်း ကျနော်သိပါတယ်၊ သူ့ကစားပုံကိုလည်း သိပါတယ်၊ သူက ဘောလုံးလာမယ့်လမ်းကြောင်းတွေကို ကောင်းကောင်းသိပြီး မြန်မြန်ဆန်ဆန်လည်း ပြေးလွှားနိုင်ပါတ်ယ၊ ဒီတော့ သူ့ကို သတိထားနေရမှာပါ"

"တဖက်မှာလည်း ဝေါ်ကာက ကိုင်လီယန်ကို ရပ်တန့်နိုင်မယ်ဆိုရင်တော့ သူ့အတွက် ကောင်းတာပေါ့၊ ဒါပေမယ့် ပြင်သစ်လိဂ်မှာ အခြားအသင်း ၁၉ သင်းက သူ့ကိုတားဆီးဖို့အတွက် အဖြေရှာနေရတုန်းပါ၊ အမှန်တရားကတော့ ကွင်းထဲမှာပါပဲ၊ စနေနေ့မှာ ဘာတွေဖြစ်လာမလဲကြည့်တာပေါ့၊ ဒါပေမယ့် ပြင်သစ်တယောက်အနေနဲ့ ဘတ်ပီကို ကျနော်ယုံကြည်တယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။ 

Share

Loading Next Article...
က္က