သူ အကောင်းဆုံးလုပ်ခဲ့ပြီး အောင်မြင်မှုမရတာ တခြားသူတွေကြောင့်လို့ ရည်ရွယ်ခဲ့တာမို့ပါ။

ပီအက်စ်ဂျီကစားသမားတွေဟာ ကိုင်လီယန်ဘတ်ပီရဲ့ အခုနောက်ဆုံးထွက်ပေါ်လာခဲ့တဲ့ အင်တာဗျူးကြောင့် ဒေါသထွက်နေကြတယ်လို့ RMC Sports က ဖော်ပြခဲ့ပါတယ်။ ဘတ်ပီက သူ ချန်ပီယံလိဂ်ဖလားကို ရယူချင်တယ်လို့ ဖွင့်ဟခဲ့ပြီး ပီအက်စ်ဂျီတို့ ဥရောပမှာ အောင်မြင်မှုမရတာကို သူစိတ်ပျက်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ 

France Football နဲ့ သူက အင်တာဗျူးလုပ်ခဲ့ရာမှာ ဘတ်ပီက "ကျနော်က ယှဉ်ပြိုင်သူတဦးပါ၊ ကျနော်ကစားချိန်ဆိုရင် အနိုင်ရချင်တယ်၊ ဘယ်သူနဲ့ပဲ ကစားကစား၊ ဘယ်ဂျာစီပဲဝတ်ဝတ်၊ ဘယ်နေရာမှာပဲ ကစားနေပါစေ၊ ကျနော်ကတော့ စိတ်တိုင်းကျမှာမဟုတ်ဘူး၊ ကျနော်က အနိုင်လိုချင်ပါတယ်၊ ချန်ပီယံလိဂ်ဖလားကို ရယူချင်ပါတယ်"

"ဒီဖလားကို ရယူဖို့ ပီအက်စ်ဂျီက ဘာတွေလိုအပ်နေလဲ ကျနော်မသိဘူး၊ ဒါက ကျနော့်ကိုမေးရမှာလည်း မဟုတ်ပါဘူး၊ ဒီအသင်းကို ဖန်တီးခဲ့တဲ့သူတွေ၊ ဒီအသင်းလူစာရင်း၊ ဒီအသင်းကို တည်ဆောက်နေသူတွေကို သွားမေးရမှာပါ၊ ကျနော်က ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ခဲ့တယ်၊ လီဂူးမှာ ငါးနှစ်ဆက်တိုက် အကောင်းဆုံးကစားသမား၊ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

သူ့ရဲ့ ဒီလိုပြောဆိုမှုဟာ သူ အကောင်းဆုံးကစားပေးခဲ့ပေမယ့်လည်း အခြားသောလိုအပ်ချက်တွေလို့ ရည်ရွယ်ခဲ့ဟန်ရှိပါတယ်။ ဒါဟာ အသင်းဖော်တွေရဲ့ အားနည်းချက်ကြောင့်လို့လည်း ယူဆနိုင်ပြီး အသင်းနဲ့ပတ်သက်ပြီး အခုတွေ ပြောဆိုခဲ့တာက ကျန်အသင်းသားတွေကို စိတ်ပျက်စေခဲ့ပြီဖြစ်ပါတယ်။ 

လက်ရှိမှာလည်း ပီအက်စ်ဂျီက ဘတ်ပီကို ရောင်းချဖို့အတွက် ဆုံးဖြတ်ထားပြီလို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ရောင်းချဖို့အတွက် ပီအက်စ်ဂျီက ရည်ရွယ်ထားကာ အနည်းဆုံး ယူရိုသန်း ၁၅၀ အထိ ရရှိဖို့လည်း မျှော်လင့်ထားပါတယ်။ 

Share

Loading Next Article...
က္က