ဘရန်ဖို့ဒ်ကို ဂိုးပြတ်အရေးနိမ့်ရာကနေ စပါးက သရေပြန်ယူနိုင်ခဲ့တာပါ။

ဘောက်ဆင်ဒေးရဲ့ အစောဆုံးပွဲဖြစ်တဲ့ ဘရန်ဖို့ဒ်နဲ့ စပါးပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ပရိသတ်တွေကို ဖျော်ဖြေခဲ့ပါတယ်။ ပွဲစဉ်ရေးဆွဲထားမှုအပေါ် ညည်းတွားခဲ့တဲ့ ကွန်တီတယောက် အစ​ောပိုင်းအချိန်တွေမှာ စိတ်ညစ်နေခဲ့ရပြီး ဘရန်ဖို့ဒ်က အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပြီးမှ စပါးတို့ လိုက်ချေပခဲ့ရတာလည်းဖြစ်ပါတယ်။ 

ပွဲချိန် ၁၅ မိနစ်မှာ ဗစ်တလီယန်နက်လ်က ဘရန်ဖို့ဒ်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း ၅၄ မိနစ်မှာ လုပ်ပွဲအရှုပ်တော်ပုံကြောင့် စုံစမ်းစစ်ဆေးခံနေရတဲ့ အိုင်ဗန်တိုနေးက ထောင့်ကန်ဘောကတဆင့် ဒုတိယဂိုးထပ်သွင်းခဲ့ပါတယ်။ ဒါပေမယ့် စပါးက ၆၅ မိနစ်မှာ ဟယ်ရီကိန်း၊ ၇၁ မိနစ်မှာ ဟိုးလ်ဘာ့ဂျ်တို့က ချေပဂိုးတွေ ဆက်တိုက်သွင်းယူခဲ့လို့ ၂ ဂိုးစီသရေနဲ့ အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။ 

စပါးခြေစွမ်းက အားရစရာမရှိခဲ့သလို တဦးချင်းခြေစွမ်းတွေကလည်း အားနည်းချက်တွေရှိနေခဲ့လို့ တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် အချိန်တိုအတွင်းမှာ ချေပဂိုးတွေ ဆက်တိုက်ရရှိခဲ့တာက စပါးအတွက် ကံကောင်းခဲ့ပြီး ကွန်တီလည်း သက်ပြင်းချနိုင်ခဲ့ကာ အဝေးကွင်းကနေ ရမှတ်ယူနိုင်ဖို့ မျှော်လင့်ချက်တွေ ရှင်သန်ခဲ့ရပါတယ်။ 

ထိပ်ဆုံးလေးသင်းနေရာဝင်နိုင်ဖို့ ပစ်မှတ်ထားနေတဲ့ စပါးအတွက် ဒီပွဲရမှတ်က အဖိုးတန်ခဲ့ပါတယ်။ အထူးသဖြင့် ၂ ဂိုးပြတ်နဲ့အရေးနိမ့်နေရာကနေ အမှတ်ပြန်ယူနိုင်ခဲ့လို့ သူတို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ချီးကျူးရမှာပါ။ ဒါပေမယ့်လည်း အားနည်းချက်တွေ အများကြီးရှိနေခဲ့ပြီး အထူးသဖြင့် ခံစစ်ပိုင်းမှာဖြစ်ကာ ကွန်တီတယောက် ဒါတွေကို ပြင်ဆင်နိုင်ဖို့ လိုအပ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က