နေအိမ်မှာ ချော်လဲရာက အစပြုခဲ့တာပါ။

ယူနိုက်တက် ဂန္တဝင် ကစားသမားဟောင်းကြီး ဆာဘော်ဘီချာလ်တန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကွယ်လွန်သွားခဲ့ပါတယ်။ သူ ကွယ်လွန်ချိန်မှာ အသက် (၈၆) နှစ်ရှိပြီဖြစ်ပြီး ယူနိုက်တက်အပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်းအားလုံးက ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ကြပါတယ်။



ဘော်ဘီချာလ်တန်ဟာ မကွယ်လွန်ခင်အထိ ယူနိုက်တက်ပွဲစဉ်တွေကို လိုက်လံကြည့်ရှုနေဆဲဖြစ်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်လို့လည်း ပရိသတ်အချို့က မှတ်ချက်ပြုခဲ့ကြပါတယ်။​ ဒီလိုမျိုး ဘော်ဘီချာလ်တန်တစ်ယောက် ကွယ်လွန်သွားခဲ့ရတဲ့အကြောင်းရင်းကတော့ အခုချိန်မှာ ထွက်ပေါ်လာခဲ့ပါတယ်။
အဆိုပါ အင်္ဂလန်လက်ရွေးစင်ဟောင်းကြီးဟာ နေအိမ်မှာ ချော်လဲခဲ့ပြီးနောက် (၅) ရက်အကြာမှာ ကွယ်လွန်သွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒီလိုမျိုး ချော်လဲချိန်မှာ ဘော်ဘီချာလ်တန်က နံရိုးကျိုးသွားခဲ့ပြီး ဆေးရုံကို ချက်ချင်းတင်ပို့ခဲ့ရပါတယ်။
ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်းနဲ့ပဲ ဘော်ဘီချာလ်တန်က ပြင်းထန်တဲ့ထိခိုက်မှု၊ အယ်လ်ဇိုင်းမားဝေဒနာတို့နဲ့ ကွယ်လွန်သွားခဲ့ကြောင်း သူ့ရဲ့ ကွယ်လွန်မှုနဲ့ပတ်သက်လို့ ကြားနာမှုမှာ ဖော်ပြခဲ့ပါတယ်။ ဘော်ဘီချာလ်တန်ဟာ လဲကျသွားချိန်မှာလည်း ပြတင်းပေါက်နဲ့ ထိခိုက်မိခဲ့ကြောင်း အဆိုပါ ကြားနာစစ်ဆေးမှုမှာ ဖော်ပြထားပါတယ်။
ဘော်ဘီချာလ်တန်ရဲ့ နာရေးအခမ်းအနားကိုတော့ နိုဝင်ဘာလ (၁၃)​ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခမ်းအနား မကျင်းပခင် စီတန်းလှည့်လည်ခြင်းကို ပြုလုပ်သွားမှာဖြစ်ပြီး ဒီလှည့်လည်တဲ့နေရာမှာလည်း ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းကို ဖြတ်သန်းသွားမယ်လို့ သိရှိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က