ဖြေရှင်းဖို့အတွက်ပဲ ကြိုးစားရမယ်လို့ ဆိုပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲတပွဲလုံးမှာ​ ဘောလုံးထိချက် ၇ ကြိမ်သာရှိခဲ့လို့ လှောင်ပြောင်ခံနေရတဲ့ တိုက်စစ်မှူးလူကာကူနဲ့ပတ်သက်ပြီး ရယ်မောနောက်ပြောင်နေရမယ့်အချိန်မဟုတ်ဘူးလို့ ချယ်လ်ဆီးနည်းတူချယ်လ်က ပြောဆိုလိုက်ပါတယ်။ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ဆက်ပျောက်နေဆဲဖြစ်ပြီး ပဲလေ့စ်နဲ့ပွဲက ဖြစ်ရပ်ကြောင့် ဝေဖန်မှုတွေ ထပ်မံခံနေရတာဖြစ်ပါတယ်။ 

အဆိုပါပွဲမှာ ဘောလုံးထိချက် ၇ ကြိမ်သာရှိခဲ့ပြီး တကြိမ်က စပေးဘောအဖြစ်ပါဝင်ခဲ့တဲ့ လူကာကူဟာ ပရီးမီးယားလိဂ်တပွဲလုံးမှာ ဘောလုံးထိချက်အနည်းဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။ အင်တာမီလန်ကနေ ပေါင် ၉၇ သန်းနဲ့ အသင်းဟောင်းချယ်လ်ဆီးကို ပြန်ရောက်လာတဲ့ လူကာကူဟာ လိဂ်ဂိုး ၅ ဂိုးတည်းသာ ရရှိထားတာလည်းဖြစ်ပါတယ်။ 


သူ့တိုက်စစ်မှူးအခြေအနေနဲ့ပတ်သက်ပြီး တူချယ်လ်က "သူ့ကို ကျနော်တို့ကာကွယ်ပေးရမယ်ဆိုတာကို ပြသနေတာပါ၊ သူက ဖြေရှင်းမှုတွေရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းပါးပီးတော့ ရုန်းကန်နေရတယ်၊ အသင်းနဲ့အတူ ပါဝင်ဖို့ နေရာရှာဖွေနေရတဲ့ တိုက်စစ်မှူးတွေက တခါတလေမှာ ဒီလိုဖြစ်တတ်ပါတယ်"


"ဒါက ကျနော်တို့လိုချင်တဲ့အရာမဟုတ်သလို သူလည်း လိုချင်တာမဟုတ်ပါဘူး၊ သူ့အကြောင်းက ရယ်မောပြီး ဟာသလုပ်နေရမယ့်အချိန်လည်းမဟုတ်ပါဘူး" လို့ ပြောဆိုခဲ့ကြောင်း talksport က ဖော်ပြခဲ့ပါတယ်။ လူကာကူဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂ ဂိုးသွင်းယူပေးခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ခြေစွမ်းပြန်ပျောက်သွားပြီး အဆိုးရွားဆုံးပွဲတပွဲကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။ 

Share

က္က