မနေ့ကပွဲအပြီးမှာ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာပါ။

မန်စီးတီးကို အရေးနိမ့်ကာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် ဆီမြွန်နီနဲ့ သူ့ရဲ့အသင်းသားတွေဟာ ပြိုင်ဘက်တွေကို ရှက်ရွံ့ဖို့ကောင်းတဲ့ နည်းဗျူဟာတွေ အသုံးပြုခဲ့ကာ အန္တရာယ်ဖြစ်စေခဲ့တယ်လို့ ဝေဖန်ခံနေရပါတယ်။ ဒါပေမယ့် talkSPORT ရဲ့ အစီအစဉ်တင်ဆက်သူ ချယ်လ်ဆီးကစားသမားဟောင်းဂျက်ဆန်ကန်ဒီကတော့ အေတီကိုရဲ့ နည်းစနစ်မှာ ဘာအမှားမှမပါဘူးလို့ ပြောဆိုခဲ့ပြီး အဆိုပါပွဲရဲ့ စက္ကန့်တိုင်းအပေါ် သူ ကျေနပ်မိတယ်လို့ ဆိုပါတယ်။ 

ဆီမြွန်နီဟာ အိမ်ကွင်းမှာ ကာယကြံ့ခိုင်မှုနဲ့အနိုင်ယူဖို့ ကြိုးစားခဲ့ပြီး အဆိုပါပွဲမှာ အချိန်အများစုက ဘောလုံးအရည်အသွေးထက် ကြမ်းတမ်းတဲ့ကစားပုံအပေါ်အားကိုးနေခဲ့တယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။ ဖိလစ်ပီက ဖိုဒန်ကို ကန်ကျောက်ခဲ့ပြီး ဆာဗစ်က ဝင်ကစားခွင့်မရဘဲ ကွင်းထဲဝင်လာခဲ့တဲ့ ဂရီလစ်ရှ်ကို ဆံပင်ကဆွဲကာ ကွင်းပြင်ထုတ်ဖို့ ကြိုးစားခဲ့လို့ နောက်ဆုံးမှာ ကစားသမား ၁၈ ဦးအထိ ပါဝင်လာတဲ့ ရန်ပွဲကြီးဖြစ်ခဲ့ရပါတယ်။ 

ပွဲအပြီးမှာလည်း ဒီပြသနာက မပြီးဆုံးခဲ့ဘဲ အေတီကိုနောက်ခံလူဗာဆယ်ကိုက မန်စီးတီးတသင်းလုံးကို ရန်ရှာနေခဲ့ပြီး ဂရီလစ်ရှ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ talkSPORT အစီအစဉ်တင်ဆက်သူ Adrian Durham က "အရင်တုန်းက ဆီမြွန်နီမှာ ထူးခ​ြားမှုတွေရှိခဲ့ပေမယ့် အခု သူ့ကိုယ်သူ မှန်ထဲမှာ ကြာကြာကြည့်ရင် အတုအယောင်ပုံစံဖြစ်နေတာကို တွေ့ရပါလိမ့်မယ်၊ သူ့အသင်းက ပြိုင်ဘက်တွေကို အန္တရာယ်ဖြစ်စေပေမယ့် ဒီနေ့တော့ သူ ဘောလုံးအကြောင်းမေ့သွားခဲ့ပါပြီ"

"တယောက်ယောက်က သူ့ကို လှပတဲ့ကစားပွဲတွေနဲ့ မိတ်ဆက်ပေးဖို့ လိုအပ်နေပါတယ်၊ သူ အနိုင်မရနိုင်တော့တဲ့အချိန် ပွဲပြီးခါနီးမှာ လုံး၀ကို ရှက်စရာမြင်ကွင်းတွေဖြစ်ခဲ့ပါတယ်၊ တခါတလေမှာ ကိုယ်ထိလက်ရောက်စော်ကားမှုတွေတောင် ရှိခဲ့တယ်လို့ ကျနော်ထင်တယ်" လို့ ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။ 

အေတီကိုဟာ မန်စီးတီးကို ခပ်ကြမ်းကြမ်းဝင်ထွက်ကစားခဲ့ပြီး အခက်တွေ့အောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်ကွင်းမှာ ဂိုးမသွင်းနိုင်ခဲ့လို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က