ဗန်ဒိုက်ချ်က ပွဲကျပ်လို့ ငြီးတွားခဲ့တာပါ။

ယူနိုက်တက်နဲ့ အဲဗာတန်ကစားသမားဟောင်းကြီး ရွန်းနီကတော့ ဝက်စ်ဟမ်းနဲ့ လီဗာပူးကို စနေညအစောပွဲအဖြစ် ကစားရမှာကြောင့် ငြီးတွားနေတဲ့ ဗန်ဒိုက်ချ်ကို ထိုးနှက်ဝေဖန်လိုက်ပါတယ်။ လီဗာပူးဟာ ဗုဒ္ဓဟူးနေ့ညကမှ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲကို ကစားခဲ့ရတာပါ။



အဲ့ဒီပွဲမှာ လီဗာပူးက နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု ပြေးလမ်းပေါ်ကနေ ဆင်းပေးလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ အဆိုပါပွဲအပြီးမှာလည်း လီဗာပူးနောက်ခံလူ ဗန်ဒိုက်ချ်က ကစားသမားတွေ ပွဲပန်းရတာနဲ့ ပတ်သက်လို့ ပွဲစဉ်အချိန်ဇယား ရေးဆွဲမှုကို ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

လီဗာပူးဟာ မနက်ဖြန် စနေညမှာ အစောဆုံးပွဲအဖြစ် ဝက်စ်ဟမ်းကို အဝေးကွင်းမှာပဲ ထပ်မံသွားရောက် ကစားရမှာပါ။ ဒီလိုမျိုး ငြီးတွားခဲ့တဲ့ ဗန်ဒိုက်ချ်နဲ့ပတ်သက်လို့ ရွန်းနီက “လုပ်လာပြန်ပြီကွာ။ ဗန်ဒိုက်ချ်က ဒါဘီပွဲမှာ ရှုံးပြီးတာနဲ့ နေ့လယ် (၁၂) နာရီခွဲ ပွဲကန်ရတဲ့ အကြောင်းကို ငါတို့ ထပ်ကြားရပြန်ပြီ”

“ဒီလီဗာပူးအသင်းကတော့ မနက်ဖြန်ပဲ ကွင်းထဲဝင်ပြီး ဘောလုံးကန်ခိုင်းသင့်တာပါ။ ဒီရာသီမှာ လီဗာပူးဆီကနေ ဒီအကြောင်းကို အကြိမပေါင်းများစွာ ကြားခဲ့ရပြီးပါပြီ။ ကိုယ်လုပ်စရာရှိတာ လုပ်ပေါ့ကွာ။ ဒါက မင်းတို့အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ” လို့ ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

လီဗာပူးနည်းပြကလော့ပ်ကလည်း ဒီရာသီမှာ ပွဲစဉ်ဇယားရေးဆွဲမှုနဲ့ ပတ်သက်လို့ မကြာခဏ ဝေဖန်ပြောကြားခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ ဗန်ဒိုက်ချ်ကပါ အဲဗာတန်နဲ့ပွဲအပြီး ဒီအကြောင်းကို ပြောလာတာကြောင့် ရွန်းနီက ဗန်ဒိုက်ချ်ကို ပြန်လည်ထိုးနှက်ခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က