ကမ္ဘာ့ဖလားပွဲတုန်းက တော်တော်လေး ခံစားခဲ့ရတာပါ။

ယူနိုက်တက်နောက်ခံလူ ဗာရန်းက သူ့အနေနဲ့ ဘောလုံးကို ခေါင်းနဲ့တိုက်ခြင်းကြောင့် နောက်ဆက်တွဲ ဝေဒနာဆိုးကျိုးတွေကို ခံစားနေရကြောင်း၊ သူ့ရဲ့ ကလေးဖြစ်သူကို ခေါင်းနဲ့ ဘောလုံးကို မတိုက်စေကြောင်း ပြောကြားလာခဲ့ပါတယ်။



ဗဟိုနောက်ခံလူတွေအတွက်တော့ အမြင့်ဘောတွေကို ရှင်းထုတ်ဖို့၊ ပြိုင်ဘက် တိုက်စစ်မှူးတွေနဲ့ လေထဲမှာ ဘောလုံးယှဉ်လုဖို့ မကြာခဏဆိုသလို ဘောလုံးကို ခေါင်းနဲ့ တိုက်ကစားနေရတာလည်း ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဗာရန်းက “ကျွန်တော် အသက် (၁၀၀) အထိ နေနိုင်မလားတော့ မသိပါဘူး”

“ဒါပေမယ့် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကတော့ ထိခိုက်မှုတွေရှိနေတာကို သိပါတယ်။ ခေါင်းတိုက်ခြင်းရဲ့ အန္တရာယ်တွေက အပျော်တမ်းဘောလုံးသမားတွေ၊ လူငယ်တွေ သိရှိထားသင့်တဲ့ကိစ္စပါ။ ကျွန်တော့်ရဲ့ အသက် (၇) နှစ်အရွယ် သားလေးလည်း ဘောလုံးကစားပါတယ်။ သူ့ကိုတော့ ဘောလုံးကို ခေါင်းနဲ့မတိုက်ဖို့ ပြောထားပါတယ်”

“ကျွန်တော်ကတော့ ဘောလုံးကို ခေါင်းနဲ့မတိုက်လို့ မရဘူးလေ။ ဒါက အခုချက်ချင်း ထရော်မာမရသေးပေမယ့် ရေရှည်မှာ ရှော့ခ်ဖြစ်ပြီး ထိခိုက်နိုင်တဲ့ ဆိုးကျိုးတွေရှိပါတယ်။ (၂၀၁၄) ကမ္ဘာ့ဖလား နိုင်ဂျီးရီးယားနဲ့ ကစားခဲ့တုန်းက ပွဲကို ကျွန်တော် ပြီးအောင် ကစားခဲ့ပေမယ့် တော်တော်လေးကို ဒုက္ခရောက်နေခဲ့တာပါ။ အသင်းဝန်ထမ်းတွေကတောင် ကျွန်တော် ဂျာမနီနဲ့ ကွာတားဖိုင်နယ် ကစားဖို့ ကြံ့ခိုင်မှုပြည့်ဝနေတာကို အံ့အားသင့်ခဲ့ကြပါတယ်”

“ကျွန်တော် တော်တော်လေးကို အားနည်းနေခဲ့ပေမယ့် ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ကျွန်တော့်ခေါင်းကို ထိခိုက်မိခဲ့ရင် ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ထိပ်တန်းအဆင့်မှာ ကစားနေတဲ့ ကစားသမားတွေအတွက်ကတော့ နာကျင်မှုတွေက အသားကျနေပါပြီ။ ကျွန်တော်တို့က မာကျောတယ်၊ ခက်ထန် ကြံ့ခိုင်တယ်၊ ဒါပေမယ့် ဒီလက္ခဏာတွေက မမြင်နိုင်တဲ့အရာတွေပါ”

“တကယ်လို့ ခင်ဗျားခြေထောက်က နာကျင်သွားတယ်ဆိုရင် ခင်ဗျား ခြေထော့ကျိုးဖြစ်သွားပြီး လူတိုင်းက ဒါကိုမြင်နိုင်ပါတယ်။ ဒါပေမယ့် ဦးခေါင်းဒဏ်ရာကတော့ ခင်ဗျားကို ချက်ချင်း အားနည်းသွားစေနိုင်ပြီး ခေါင်းကိုက်တာ၊ မျက်လုံးကို ထိခိုက်တာတွေဖြစ်စေနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က