အလွန်လှပတဲ့ ပြိုင်ပွဲကို စွန့်လွှတ်လုနီးပါးဖြစ်ခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 ယို့စ်ကို ဂွါဒီယောလ်ဟာ ဆယ်ကျော်သက်တုန်းက ဘောလုံးကို စွန့်လွှတ်လုနီးပါးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံနေရပြီ ဖြစ်ပါတယ်။

 

ယနေ့ညမှာ မန်ချက်စတာစီးတီးနဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားမယ့် လိုက်ပ်ဇစ်နောက်ခံကစားသမားဟာ ကစားသမားဘဝ အစောပိုင်းနှစ်တွေတုန်းက အကျိုးသက်ရောက်မှု ပြသနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလတုန်းက The Times နဲ့ စကားပြောဆိုရာမှာ အသက် ၂၁ နှစ်အရွယ် နောက်ခံကစားသမားက အလွန်လှပတဲ့ ပြိုင်ပွဲကို စွန့်လွှတ်လုနီးပါးဖြစ်ခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 


“ကျွန်တော်က အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ်ရှိနေခဲ့ပြီဖြစ်ပြီး လူငယ်အသင်းမှာ အရန်ခုံထိုင်နေရတုန်းပဲ။ ကျွန်တော် စိတ်ပျက်ခဲ့ပြီး တစ်ချိန်မှာဆိုရင် ဘောလုံးကို စွန့်လွှတ်ဖို့တောင် စဉ်းစားခဲ့ပါတယ်။” ဂွါဒီယောလ်အနေနဲ့ ဘောလုံးကို စွန့်ခွာခဲ့မယ်ဆိုရင် ရွေးချယ်စရာအလုပ်က ဘာရှိမလဲဆိုရင် ဇာဂရက်မြို့မှာ ကြီးပြင်းလာခဲ့တဲ့ ခရိုအေးရှားနောက်ခံလူအနေနဲ့ ဒေသတွင်း စျေးကြီးထဲမှာ ငါးရောင်းဖို့ မနက် ၄ နာရီလောက် မကြာခဏ အိပ်ရာထခဲ့ရတာဖြစ်ပါတယ်။ ဂွါဒီယောလ်ရဲ့ မိဘတွေဟာ ငါးစိမ်းသည်တွေ ဖြစ်ပေမယ့်လည်း လိုက်ပ်ဇစ်နောက်ခံလူက မိသားစုလုပ်ငန်းကို မနှစ်သက်ခဲ့ဘူးလို့ ပြောရရင် မှန်မှာ ဖြစ်ပါတယ်။

 

”စကားမစပ် ကျွန်တော် ငါးတွေကို မုန်းတယ်။ အသက် ၁၆ နှစ်သားအရွယ်အထိ အိမ်မှာ နေ့တိုင်း ငါးဟင်းပဲ စားနေရတာကို တွေးကြည့်လိုက်ပါ။ ကျွန်တော် တခြားဟင်းလေးဘာလေးလည်း စားချင်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

 

ဂွါဒီယောလ်ဟာ ဘောလုံးကို မစွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးမှာတော့ အရည်အချင်းရှိတဲ့ နောက်ခံကစားသမားအတွက် အရာအားလုံးက အပြောင်းအလဲတွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ”ကျွန်တော် ဘာဖြစ်ခဲ့လဲဆိုတာ မသိပါဘူး။ ဒါပေမယ့် ဘောလုံးကို မစွန့်လွှတ်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက် ကျွန်တော် ဘောလုံးစကစားခဲ့ပြီး သူတို့တွေ နောက်ဆုံးမှာ ကျွန်တော့်ဆီကနေ တစ်စုံတရာကို မြင်ခဲ့တယ်။ ကျွန်တော့်အရည်အသွေးပေါ့။ တစ်နှစ်အတွင်းမှာ ဒီနမို ဇာဂရက်ဒုတိယအသင်းကို ပြောင်းရွှေ့ခဲ့ရတယ်။”

 

ဂွါဒီယောလ်ဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ ဒီနမို ဇာဂရက်ပထမအသင်းအတွက် ပွဲဦးထွက်ကစားခွင့်ရရှိခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ လိုက်ပ်ဇစ်အသင်းက လူငယ်နောက်ခံကစားသမားကို ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က