အာနိုးလ်က နောက်ထပ်ဆိုးရွားတဲ့စွမ်းဆောင်ရည်မျိုးကို ပြသခဲ့ပြန်တာပါ။

လီဗာပူးညာနောက်ခံလူ အာနိုးလ်ဟာ မနေ့ညက အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် ပရိသတ်တွေရဲ့ စိတ်ပျက်လက်ပျက် ဝေဖန်မှုတွေနဲ့ ထပ်မံရင်ဆိုင်နေရပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ပထမပိုင်းမှာတင် နှစ်ဂိုးရရှိခဲ့ပြီး ပထမဂိုးမှာ အာနိုးလ်ရဲ့ အားနည်းချက်ရှိခဲ့သလို ဒုတိယမြောက်ဂိုးမှာလည်း အာနိုးလ်က အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့အတူ မာတီနယ်လီ လှည့်စားတာကို လှလှပပ ခံစားလိုက်ရတာဖြစ်ပါတယ်။



တန်ပြန်တိုက်စစ်ကတဆင့် ဂျီးဆပ်စ် ခင်းပေးလိုက်တဲ့ဘောလုံးကို မာတီနယ်လီက ဆက်တိုက် ဆွဲပြေးသွားပြီး လီဗာပူးဂိုးဧရိယာထဲအရောက်မှာ အာနိုးလ်ကိုရော၊ ဟန်ဒါဆန်ကိုရော နှစ်ယောက်လုံးကို တချက်ဖိန့်ခဲ့တာပါ။ အရှိန်နဲ့ပြေးလာခဲ့တဲ့ ဒီနှစ်ယောက်လုံးကလည်း မာတီနယ်လီရဲ့ လှည့်စားမှုမှာ မျောပါသွားခဲ့ပြီး ချော်ထွက်သွားခဲ့ကာ မာတီနယ်လီက ဆာကာအတွက် အပိုင်အခွင့်အရေးကို လွတ်လွတ်ကျွတ်ကျွတ် ဖန်တီးပေးခဲ့ပါတယ်။



အာနိုးလ်ဟာ လက်ရှိဘောလုံးရာသီမှာ တော်တော်လေးဆိုးရွားတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်တွေကြောင့် ဝေဖန်ခံနေရပြီး ကလော့ပ်အတွက်လည်း ဒီညာနောက်ခံလူနေရာက တော်တော်လေး ခေါင်းစားစရာဖြစ်နေပါတယ်။ အသက် (၂၄) နှစ်အရွယ် အဆိုပါ ညာနောက်ခံလူဟာ ကမ္ဘာ့ဖလားမတိုင်ခင် အင်္ဂလန်ရဲ့နောက်ဆုံးပွဲမှာလည်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ဒီခြေစွမ်းအတိုင်းဆိုရင် ကမ္ဘာ့ဖလားနဲ့ပါ လွဲချော်နိုင်ဖွယ်ရှိနေပါတယ်။

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ (၂) ပွဲသာရရှိထားသေးပြီး ခံစစ်ပိုင်းက ပွဲတိုင်းလိုလို ဂိုးပေးထားရတာက အာနိုးလ်ရဲ့ အားနည်းချက်တွေကို ပိုမိုထင်ရှားစေခဲ့ပါတယ်။ အာနိုးလ်ဟာ သာမန်အားဖြင့် တိုက်စစ် လိုက်ပါမှုမှာ ပိုမိုအားသန်တဲ့ ကစားသမားဖြစ်ပေမယ့် သူ့ရဲ့နေရာလွတ်ကို အသင်းဖော်တွေက ပြန်လည်မဖြည့်ဆည်းပေးနိုင်ချိန်မှာ ဝေဖန်မှုတွေနဲ့ ပိုမိုဖိအားများပြားလာခဲ့ပါတယ်။

အာဆင်နယ်ကို ၃-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲရဲ့ ပထမပိုင်းအပြီးမှာတင် ကလော့ပ်က အာနိုးလ်ကို ဂျိုးဂိုးမက်ဇ်နဲ့ လူစားလဲခဲ့ပါတယ်။ အစပိုင်းမှာတော့ အာနိုးလ်ရဲ့ခြေစွမ်းပိုင်းကြောင့်လည်း ပရိသတ်တွေက ယူဆခဲ့ကြပေမယ့် မာတီနယ်လီ ဘောလုံးဖြတ်တင်ရင်း အာနိုးလ်ကို နင်းမိခဲ့ချိန်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခဲ့တယ်လို့ သိရှိရပါတယ်။  

Share

Loading Next Article...
က္က