ရော်နယ်ဒိုနဲ့ လိုက်ဖက်မယ့် ကစားဟန်ကို အသုံးပြုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အသင်းမှာတည်ငြိမ်မှုရရှိအောင် ကြိုးစားရမယ်လို့လည်း နဗီးလ်က ပြောဆိုလိုက်ပြီး ရော်နယ်ဒိုရဲ့ ဘောလုံးလိုက်မလုနိုင်တဲ့ ပြသနာကို ဖြေရှင်းဖို့ပါ တိုက်တွန်းခဲ့ပါတယ်။ 


ဆိုးလ်ရှားအနေနဲ့ အသင်းကို အမှတ်ပေးဖလားအတွက် စိန်ခေါ်နိုင်တဲ့အနေအထားမျိုးမှာ ရှိနေစေချင်တယ်ဆိုရင် ရော်နယ်ဒိုရဲ့ အားနည်းချက်ကို ဖာထေးနိုင်မှဖြစ်မယ်လို့ ဂယ်ရီနဗီးလ်က ပြောဆိုလိုက်ပါတယ်။ နော်ဝေသားနည်းပြအနေနဲ့ အသင်းမှာတည်ငြိမ်မှုရရှိအောင် ကြိုးစားရမယ်လို့လည်း နဗီးလ်က ပြောဆိုလိုက်ပြီး ရော်နယ်ဒိုရဲ့ ဘောလုံးလိုက်မလုနိုင်တဲ့ ပြသနာကို ဖြေရှင်းဖို့ပါ တိုက်တွန်းခဲ့ပါတယ်။ 



ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် စုစုပေါင်း ၇ ပွဲကစားပေးထားပြိး ၅ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာပွဲတွေမကစားခင် နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ ယူနို်က်တက်တို့ ၁ မှတ်သာရယူနိုင်ခဲ့ပြီး အခြေအနေဆိုးရွားခဲ့ပါတယ်။ နဗီးလ်က ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူခဲ့မှုဟာ မှန်ကန်တယ်လို့ ထောက်ခံခဲ့ပေမယ့်လည်း ဘောလုံးလိုက်မလုနိုင်တဲ့ ပြသနာကိုတော့ ဆိုးလ်ရှား အဖြေရှာရမယ်လို့ ဆိုခဲ့ပါတယ်။ 

"ဒါကို ညှိနှိုင်းရမှာပါ၊ ကလပ်အသင်းရော၊ အိုလေရောပါ၊ ၂၀၀၈ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဖြစ် ဘာစီလိုနာနဲ့ အဝေးကွင်းပွဲမှာကစားခဲ့တုန်းက ဖာဂူဆန်ရဲ့ ဗျူဟာကို ပြန်အသုံးချသင့်ပါတယ်၊ အခုလည်း ရော်နယ်ဒိုက အဲဒီတုန်းကလိုမျိုး တိုက်စစ်မှူးနေရာမှာ ကစားနေတာပါ၊ ရှေ့တန်းမှာ သူ ဘယ်သူ့ဆီကမှ ဘောလုံးလိုက်လုတာမျိုးမလုပ်ခဲ့ပါဘူး၊ ဒီလိုမျိုး သူကစားလာတာ ၁၅ နှစ်လောက် ရှိနေခဲ့ပါပြီ"


"ယူနိုက်တက်ရဲ့ အခုကစားနေပုံက ဘယ်လိုလဲ၊ တန်ပြန်တိုက်စစ်လား၊ ကိုယ့်ထက်နိမ့်တဲ့အသင်းတွေနဲ့ ရင်ဆိုင်တိုင်းမှာ ဒီလိုပဲကစားနေမယ်ဆိုရင် ပိုပြီးခက်ခဲနေပါလိမ့်မယ်၊ ဗီလာ၊ အဲဗာတန်တို့လို အရည်အသွေးရှိပြီး တန်ပြန်တိုက်စစ်ကောင်းတဲ့ အသင်းတွေနဲ့တွေ့တော့ သူတို့က အလွယ်တကူပဲကျော်ဖြတ်သွားခဲ့ပါတယ်၊ အခုချိန်မှာ ဒီလိုကစားနေတာတွေကို ရပ်တန့်သင့်နေပါပြီ"

"ရော်နယ်ဒိုရဲ့ အားနည်းချက်ကို ဖာထေးဖို့အတွက် လာမယ့်အပတ်အနည်းငယ်အတွင်းမှာ ကြီးမားတဲ့ဆုံးဖြတ်ချက်ကို ဆိုးလ်ရှားချမှတ်ရမှာပါ၊ သူတို့အခုရှာဖွေရမှာက ရော်နယ်ဒိုနဲ့အတူ ကစားရမယ့်နည်းလမ်းတစ်ခုပါပဲ၊ သူက ကစားသမားကောင်းတစ်ဦးပါ၊ ဒါပေမယ့် သူ့ကိုဒီထက်ပိုပြီး ချစ်လို့မရတော့ဘူး၊ သူ့ရဲ့အားနည်းချက်ကိ်ု ပြင်ဆင်ပေးလို့ရမယ့် ကစားဟန်ကို ယူနိုက်တက်က ရှာဖွေဖို့ လိုအပ်နေပါပြီ" လို့ ဂယ်ရီနဗီးက ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

Share

က္က