သူ့ အသင်းဖော်ရဲ့ အောင်မြင်လိုစိတ်ပြင်းပြမှုတွေက ပျက်ပြယ်ခဲ့ပြီလို့ အီဗရာက ယူဆနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပေါ်တူဂီတို့ မအောင်မြင်ဘဲ အဆုံးသတ်ခဲ့ရပြီးနောက် ရော်နယ်ဒိုက ကစားသမားဘ၀ကနေ အနားယူသွားမယ်ဆိုလည်း သူ မအံ့ဩဘူးလို့ ယူနိုက်တက်အသင်းဖော်ဟောင်းပက်ထရစ်အီဗရာက ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ အကြီးမားဆုံးအိပ်မက်ဖြစ်တဲ့ ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ကို မရယူနိုင်ဘဲ ကွာတားဖိုင်နယ်ကနေပဲ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။ 

အီဗရာက "သူ နောက်ထပ်ဘာလုပ်မလဲတော့ ကျနော်မသိဘူး၊ မက်ဆီကတော့ သူ ကမ္ဘာ့ဖလားပြီးရင် လက်ရွေးစင်အသင်းက အနားယူမယ်လို့ ပြောထားတယ်၊ ဒါပေမယ့် ရော်နယ်ဒိုလည်း အနားယူမလားတော့ မသိဘူး၊ လက်ရွေးစင်အသင်းမှာ ပွဲထွက်ခွင့်မရတဲ့နောက် ဒီလိုခံစားချက်မျိုးကတော့ ဖြစ်နေမှာပါပဲ၊ ဘာလို့လဲဆိုတော့ ရော်နယ်ဒိုက ကစားချင်တယ်၊ သူ ကြံ့ခိုင်တယ်၊ သူ့နိုင်ငံအတွက် ကမ္ဘာ့ဖလားယူပေးချင်တယ်လို့ ခံစားနေခဲ့ရလို့ပါ"

"အဲဒါက သူ့ရဲ့အိပ်မက်ပဲ၊ အခုတော့ အဲဒီအိပ်မက်ပျက်ပြယ်သွားပါပြီ၊ သူ အနားယူမယ်လို့ ကျနော်မဆိုလိုပေမယ့် အနားယူသွားရင်လည်း မအံ့ဩပါဘူး၊ အခု သူလုပ်သမျှအရာရာတိုင်းက လူဆိုး၊ မကောင်းတဲ့လူ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်ပါ၊ သူ အနားယူမယ်ဆို ကျနော်ကတော့ မအံ့ဩဘူး" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားကို ၅ ကြိမ်မြောက် ဝင်ရောက်ကစားခဲ့တာဖြစ်ပြီး သွင်းဂိုး ၁ ဂိုးတည်းသာရရှိခဲ့ပါတယ်။ နောက်ဆုံး ၂ပွဲဆက်တိုက်လည်း အရန်ခုံမှာပဲ ထိုင်နေခဲ့ရပြီး လူစားဝင်ကစားခဲ့ရကာ မော်ရိုကို,ကို အရေးနိမ့်ပြီးနောက် ငိုကြွေးပြိး ကွင်းအတွင်းကနေ ထွက်ခွာသွားခဲ့ရပါတယ်။ ယူနိုက်တက်နဲ့လည်း လမ်းခွဲထားတဲ့ ပေါ်တူဂီသားကတော့ အနားယူမယ့်အကြောင်းကို ပြောဆိုထားခြင်းတော့မရှိသေးပါဘူး။ 


သူငယ်ချင်းတွေနဲ့ မိသားစုကိုလည်း စိန်ခေါ်ပြီး Celebrate World Cup 2022 Fearlessly with Clear Campaign ကို အတူပါဝင်ဆင်နွှဲလိုက်ပါ။ ကိုယ့်ကျွမ်းကျင်မှုပြသပြီးရင် သူငယ်ချင်းနဲ့ မိသားစုဝင်တွေကို Tag တွဲကာ Hashtag #ClearMyanmar #ClearFearlessWorldCup2022 ကို အသုံးပြုပြီး Post ကို Public ဖြင့် မျှဝေလိုက်ပါ။ ဒီလင့်ခ်လေးကိုနှိပ်ပြီး ဝင်ကစားရုံပါပဲ

Share

Loading Next Article...
က္က