မြက်ခင်းစိမ်းပေါ်ကို အံ့အားသင့်ဖွယ် ပြန်လာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဆာဂျီယို အဂူရိုဟာ ၂၀၂၁ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ရပြီးနောက် မြက်ခင်းစိမ်းပေါ်ကို အံ့အားသင့်ဖွယ် ပြန်လာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဆရာဝန်တွေရဲ့ အကြံပေးစကားကြောင့် အဂွေရိုဟာ ကစားသမားဘဝကို ထင်ထားတာထက် အများကြီးစောပြီး အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးရဲ့ ပရိသတ်တွေအတွက်တော့ ဝမ်းနည်းကြေကွဲစရာဖြစ်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလက အလာဗက်စ်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာအတွက် ပါဝင်ကစားပေးနေရင်း ရင်ဘတ်အောင့်ပြီး အသက်ရှူရ ခက်ခဲတဲ့ ပြဿနာတွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အလာဗက်စ်နဲ့ပွဲစဉ်ဟာ အဂူရိုအတွက် နူးကမ့်မှာ ဘာစီလိုနာအတွက် ပထမဆုံးပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပေမယ့်လည်း ပထမပိုင်း ၄၁ မိနစ်မှာ ဘောလုံးကို ခေါင်းခုန်တိုက်ရာမှာ အနိုင်ရရှိခဲ့ပြီးနောက် မြက်ခင်းပေါ် လဲကျခဲ့ရာကနေ အရာအားလုံး အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ အဂူရိုဟာ နောက်ထပ်တစ်လအကြာ မျက်ရည်တွေနဲ့ သတင်းစာရှင်းလင်းပွဲမှာ ကစားသမားဘဝကနေ အနားယူပြီဖြစ်တဲ့အကြောင်းကို ကြေညာခဲ့ပြီး ဘောလုံးမရှိတဲ့ဘဝမှာ နေတတ်အောင် ကြိုးစားသွားရမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။



ဒါပေမယ့်လည်း အဂူရိုဟာ ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ လေ့ကျင့်ရေး ပြုလုပ်ခဲ့ပြီး ဗိုလ်လုပွဲမှာ တောင်အမေရိကအသင်းက ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံတွေကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အောင်ပွဲခံရာမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆာဂျီယို အဂူရိုက အချစ်မြတ်နိုးဆုံးအလုပ်ကို ပြန်လည် လုပ်ဆောင်တော့မယ်လို့ ကြေညာခဲ့ပြီဖြစ်ပြီး မန်ချက်တာစီးတီးဂန္တဝင်တိုက်စစ်မှူးဟာ အီကွေဒေါကလပ်အသင်း ဘာစီလိုနာ အက်စ်စီရဲ့ နှစ်စဉ်ကစားနေကျ ခြေစမ်းပွဲစဉ် နိုချီ အမာရီလာ ၂၀၂၃ အတွက် ဧည့်သည်ကစားသမားအဖြစ် ကစားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။


ခြေစမ်းပွဲစဉ်ကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ရော်နယ်လ်ဒင်ညို၊ ဒီယေဂို ဖော်လန်၊ ကာကာ၊ ဒဲလ် ပီယဲရို၊ ပီယာလို၊ ကားလို့စ် တီဗက်ဇ်တို့လို ဘောလုံးလောကရဲ့ အထင်ကရပုဂ္ဂိုလ်တွေလည်း ဒီပြိုင်ပွဲမှာ ကစားခဲ့ကြဖူးတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က