မက်ဆီကို အသင်းဖော် ဒန်နီလိုပါရဲရားက ကွင်းထဲမှာ ဆူပူအော်ဟစ်ခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်ကစားသမား မက်ဆီဟာ ရီးရဲယ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဥ်မှာ ပင်နယ်တီမဝင်ခဲ့သလို အခုချိန်မှာလည်း အဲ့ဒီပွဲက သူ့ရဲ့ စိတ်မချမ်းမြေ့စရာ ဖြစ်ရပ်တခုက ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက အမ်ဘာပေရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် မက်ဆီအပေါ် ဝေဖန်မှုတွေကတော့ မရပ်တန့်သေးပါဘူး။



ဒီပွဲမှာလည်း မက်ဆီတယောက် တန်ပြန်တိုက်စစ်ဆင်ခံရချိန်မှာ ဘောလုံးနောက်ကို ပြန်မလိုက်တဲ့အတွက် အသင်းဖော် ဒန်နီလိုပါရဲရားရဲ့ အော်ဟစ်ဆူပူခြင်းကို ခံခဲ့ရပြီး ဒန်နီလိုပါရဲရားကတော့ အသင်းအတွက်သာဆိုရင် ဘယ်သူ့ကိုမဆို ဂရုမစိုက်နိုင်ဘဲ အော်ဟစ်ဆူပူခဲ့တယ်လို့ မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ ဒီပွဲရဲ့ ပွဲကစားချိန် ဒုတိယပိုင်းမှာ ပီအက်စ်ဂျီတို့ရဲ့ ထောင့်ကန်ဘောကတဆင့် ရီးရဲယ်မက်ဒရစ်က ဘောလုံးပြန်ရပြီး တန်ပြန်တိုက်စစ်စတင်ခဲ့ပါတယ်။

ဒီအနေအထားမှာ ရီးရဲယ်မက်ဒရစ် တောင်ပံကစားသမား ဗီနီရှပ်စ်က ဘောလုံးနဲ့အတူ မက်ဆီကို ကျော်ဖြတ်သွားခဲ့ပြီး ဒန်နီလိုပါရဲရားကတော့ ရီးရဲယ်မက်ဒရစ်ရဲ့ တန်ပြန်တိုက်စစ် အခုထက်ပိုပြီး ခရီးမပေါက်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ပြစ်ဒဏ်ကျူးလွန်ကာ အဝါကတ်ရယူသွားခဲ့ပါတယ်။




မက်ဆီအနေနဲ့ ဗီနီရှပ်စ်ရဲ့ ကျော်ဖြတ်ခြင်းကို ခံလိုက်ရချိန်မှာ ဘောလုံးနောက်ကို အားကြိုးမာန်တက်ပြန်လိုက်ဖို့ မကြိုးစားခဲ့သလို ပြစ်ဒဏ်ဘောကျူးလွန်ဖို့လည်း မကြိုးစားခဲ့ဘဲ ဒန်နီလိုပါရဲရားကတော့ သူ အဝါကတ်ပြသခံရပြီးနောက် မက်ဆီကို အော်ဟစ်ဆူပူနေခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ မက်ဆီဟာ ဒီပွဲမှာ ပင်နယ်တီမဝင်ခဲ့တာကြောင့်လည်း ပြင်သစ်ပြည်တွင်းသတင်းစာတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကိုလည်း ခံခဲ့ရပါသေးတယ်။

နာမည်ကျော် L’Equipe သတင်းဌာနက ရီးရဲယ်မက်ဒရစ်နဲ့ပွဲက မက်ဆီရဲ့ စွမ်းဆောင်ရည်ကို (၁၀) မှတ်မှာ (၃) မှတ်ပဲ သတ်မှတ်ပေးတဲ့အထိ တော်တော်လေးဆိုးရွားခဲ့တာပါ။ မက်ဆီကို ဒီလိုမျိုးပြုမူတဲ့အပေါ်မှာလည်း မက်ဆီရဲ့ အသင်းဖော်ဟောင်းတွေဖြစ်ကြတဲ့ အဂွေရို၊ ဖာဘရီဂတ်စ်တို့က ပြင်သစ်သတင်းဌာနတွေကို ပြန်လည်ဝေဖန်မှုတွေ ပြုလုပ်ထားကြပါသေးတယ်။ 

Share

Loading Next Article...
က္က