ဒီနေ့ကစားရမယ့်ပွဲမှာ ဘာနာဒိုဆေးလ်ဗားကို ထိတ်လန့်နေတာပါ။

ဘာလို့လဲဆိုရင်တော့ ဘာနာဒိုဆေးလ်ဗားက မန်စီးတီးရဲ့ အကောင်းဆုံးကစားသမားအဖြစ် အခုချိန်မှာ ရပ်တည်နေတာဖြစ်ပြီး ဂွာဒီယိုလာ အားအကိုးရဆုံးဖြစ်နေပါတယ်။ 


ဒီတပတ်ကစားရမယ့် မန်စီးတီးနဲ့ပွဲစဉ်မှာ မန်စီးတီးအတွက် ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူဘာနာဒိုဆေးလ်ဗားနဲ့ပတ်သက်ပြီး ၀ုလ်ဗ်နည်းပြဘရူနိုလေ့ဂျ်တယောက် တော်တော်လေးခေါင်းခဲနေပုံရပါတယ်။ ဘာလို့လဲဆိုရင်တော့ ဘာနာဒိုဆေးလ်ဗားက မန်စီးတီးရဲ့ အကောင်းဆုံးကစားသမားအဖြစ် အခုချိန်မှာ ရပ်တည်နေတာဖြစ်ပြီး ဂွာဒီယိုလာ အားအကိုးရဆုံးဖြစ်နေပါတယ်။ 



ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲမှာ ဘာနာဒိုဆေးလ်ဗားက အသင်းအတွက် ၅ ဂိုးအထိ သါင်းယူပေးထားကာ ခြေစွမ်းပြနေတာဖြစ်ပြီး ဒီရာသီ သူ့ရဲ့လိဂ်ဂိုးစုစုပေါင်းက ၇ ဂိုးအထိရှိနေပါတယ်။ ရပ်တန့်မရတဲ့ခြေစွမ်းမျိုးတွေကို ပြသနေတာဖြစ်ပြီး ဒီနေ့ကစားမယ့်ပွဲမှာ ဘာနာဒိုဆေးလ်ဗားနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာတော့ ဘရူနိုလေ့ဂျ်က သေနတ်နဲ့တောင် ပစ်မယ်လို့ နောက်ပြောင်ပြောဆိုခဲ့ပါတယ်။ 

"သူ ဘောလုံးကို စပြီးတော့ ဆွဲပြေးပြီဆိုတာနဲ့ သူ့ဒူးကို ကျွန်​တော် သေနတ်နဲ့ပစ်မိလိမ့်မယ်" လို့ ဘရူနိုလေ့ဂျ်က ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားရဲ့ ခြေစွမ်းပြနေမှုက သူ့ကိုတည်ပြီးအသင်းက ကစားဖို့အတွက် အခြားကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဒီဘရိုင်းကိုတောင် အရန်ခုံမှာသာထားတဲ့အထိ ဂွာဒီယိုလာကို အပြောင်းအလဲတွေဖြစ်စေခဲ့တာလည်းဖြစ်ပါတယ်။ 

ပေါ်တူဂီကစားသမားဟာ မန်စီးတီးအတွက် ၅ ရာသီမြောက်ကစားပေးနေတာဖြစ်ပြီး အသင်းအတွက် လိဂ်ဂိုးအများဆုံးသွင်းယူပေးခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီက သွင်းဂိုးကို ဒီရာသီမှာ ၁၄ ပွဲသာ ကစားပြီးလိုက်မီခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် အခုဘောလုံးရာသီကတော့ မန်စီးတိးအတွက် သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးရယူနိုင်တဲ့ ဘောလုံးရာသီဖြစ်လာဖို့ သေချာသလောက်ရှိနေပြီဖြစ်ကာ ပြိုင်ပွဲစုံသွင်းဂိုးစံချိန် ၁၃ ဂိုးကို လိုက်မီမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က