ဟာရီကိန်းကို ချီးကျူးသွားခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ ဝါရင့်နည်းပြဟောင်းကြီး ဟယ်ရီရက်နက်ပ်က စပါးတိုက်စစ်မှူး ဟာရီကိန်းနဲ့ ချဲလ်ဆီးတိုက်စစ်မှူး လူကာကူတို့ကို မနှိုင်းယှဥ်သင့်ကြောင်း၊ ဟာရီကိန်းက လူကာကူနဲ့မတူတဲ့ နောက်ထပ်အဆင့်တခုကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။



ဒါ့အပြင် ရက်နက်ပ်က လူကာရဲ့ မဟာအားနည်းချက်ဖြစ်တဲ့ ဘောလုံးထိန်းသိမ်းပုံကိုလည်း အပြစ်တင်ထောက်ပြကာ ဟာရီကိန်းနဲ့ နှိုင်းယှဥ်ပြီး ထိုးနှက်သွားခဲ့ပါသေးတယ်။ ရက်နက်ပ်ဟာ ဟာရီကိန်း လက်ရှိကစားနေတဲ့ စပါးကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြကြီးတယောက်လည်းဖြစ်ပါတယ်။

ဟာရီကိန်း၊ လူကာကူတို့နှစ်ယောက်နဲ့ ပတ်သက်လို့ ရက်နက်ပ်က “ဟာရိကိန်းက လက်စတာနဲ့ပွဲမှာ တော်တော်လေးကို ကောင်းခဲ့ပါတယ်။ သူ့ရဲ့ ကစားပုံနဲ့ သွင်းဂိုးတွေက တကယ်ကို ထိပ်တန်းအဆင့်ရှိပြီး ကောင်းမွန်တဲ့ အဆုံးသတ်တွေပါပဲ”

“တိုက်စစ်မှူးနှစ်ယောက်ဖြစ်တဲ့ ဟာရီကိန်းနဲ့လူကာကူတို့ကို နှိုင်းယှဥ်နေစရာ အကြောင်းမရှိပါဘူး။ ဟာရီကိန်းက လူကာကူနဲ့ မတူတဲ့ နောက်ထပ်အဆင့်အတန်းတခုကို ရောက်နေပါပြီ။ လူကာကူဆီ ဘောလုံးရောက်လာရင် အဲ့ဒီဘောလုံးက သူ့ဆီကနေ တန်းတန်းမတ်မတ်ကြီး ပြန်ထွက်သွားတော့တာပဲ”

“ဟာရီကိန်း ဘောလုံးထိန်းတဲ့ပုံကိုကြည့်လိုက်စမ်းပါ။ သူ့ခန္ဓာကိုယ်က အမြဲတမ်း မှန်ကန်တဲ့ အနေအထားတခုမှာရှိနေပြီး သန်လည်းသန်မာပါတယ်။ ဘောလုံးကိုလည်း ကောင်းကောင်းကိုင်နိုင်၊ ထိန်းသိမ်းထားနိုင်ပါတယ်။ ဒါပေမယ့် လူကာကူကတော့ ဆန့်ကျင်ဘက်ပါပဲ”

“ဒီအချက်တွေက ဟာရီကိန်းကို အမှန်တကယ် တိုးတက်စေတဲ့ အချက်အလက်တွေပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ လူကာကူဟာ ဘောလုံးထိန်းသိမ်းမှု စွမ်းရည်နဲ့ ပတ်သက်လို့ ယူနိုက်တက် ကစားသမားဘဝတည်းက ဝေဖန်ခံခဲ့ရတာဖြစ်ပြီး အခု ချဲလ်ဆီးကို ပြန်ရောက်လာတဲ့အထိ တိုးတက်မှုမရှိသေးပါဘူး။

ပြီးခဲ့တဲ့အပတ်က မန်စီးတီးတို့ ချဲလ်ဆီးကို ရှုံးခဲ့တဲ့ပွဲတုန်းကလည်း ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ကိုယ်တိုင်က လူကာကူက တယောက်တည်းလည်း ဘောလုံးဆုံးရှုံးနေတယ်လို့ ဖွင့်ဟဝန်ခံခဲ့ရဖူးပါတယ်။ 

Share

Loading Next Article...
က္က