သေနတ်မပစ်တတ်ပေမယ့် လိုအပ်လာရင်တော့ တိုက်ခိုက်သွားချင်တယ်လို့ ပြောခဲ့ပါတယ်။

စပိန်ကလပ်စပို့တင်းဂီဂျွန်အသင်းက ယူကရိန်းနောက်ခံလူဗာဆိုင်းကရာဗက်စ်ဟာ သူ့ရဲ့ကစားသမားဘ၀ကို ရပ်တန့်ပြီး ယူကရိန်းအတွက် စစ်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ပေးဖို့အသင့်ရှိကြောင်းပြောဆိုလိုက်ပါတယ်။ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ယူကရိန်းက တွန်းလှန်နေရချိန်မှာ သေနတ်တောင်မပစ်ဖူးတဲ့ ကရာဗက်စ်က တိုင်းပြည်အတွက် ဝင်ရောက်ကာကွယ်ပေးဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။

ဗြိတိန်သတင်းစာ The Sun ရဲ့ ဖော်ပြချက်အရ ကရာဗက်စ်ဟာ ယူကရိန်း ယူ-၂၁ အသင်းသားဟောင်းတဦးဖြစ်တယ်လို့သိရပါတယ်။ ဘယ်နောက်ခံလူအဖြစ်ကစားနေတဲ့ ကရာဗက်စ်က ရုရှားကို တန်ပြန်တိုက်ခိုက်ဖို့အတွက် တော်တော်လေးဆန္ဒပြင်းပြနေပြီး သူ့ရဲ့မိခင်တိုင်းပြည်က အလိုရှိလာချိန်မှာ သူ ထွက်သွားမှာဖြစ်ကြောင်း အသင်းကိုပြောဆိုထားပြီးပြီလို့လည်း ဆိုပါတယ်။ 


အသက် ၂၄ နှစ်အရွယ် ကရာဗက်စ်က "သူတို့က လူတွေကိုသတ်ဖြတ်နေတယ်၊ အရပ်သားတွေပါ၊ ပြီးတော့ ဆေးရုံတွေကိုပါ ပစ်မှတ်ထားနေတယ်၊ ဒါတွေအားလုံးက ပူတင်ရဲ့ အမှားတွေပါ၊ ရုရှားရဲ့ အမှားလို့ ကျနော်မပြောဘူး၊ ဒါပေမယ့် ပူတင်တာဝန်ယူရမှာပါ၊ ကျွန်တော်တို့က အေးအေးချမ်းချမ်းနေချင်တဲ့ တိုင်းပြည်တခုပါ၊ ဘယ်သူ့ကိုမှလည်း မတိုက်ခိုက်ချင်ဘူး၊ အေးအေးဆေးဆေးနဲ့ ပျော်ပျော်ရွှင်ရွှင်လေးပဲ နေချင်ကြတာပါ"


"အမှန်တရားကို ကျနော်ပြောရမယ်ဆိုရင် ကျနော် စစ်ပွဲထဲသွားပြီးတော့ ကူညီချင်တယ်၊ ဒါပေမယ့် ကျနော်မကူညီနိုင်ဘူးဖြစ်နေတယ်၊ ဘာလို့လဲဆိုတော့ သေနတ်ဘယ်လိုပစ်ရမလဲ ကျနော်မသိဘူး၊ ဘယ်လိုရွေ့လျားရမလဲ၊ ပြီးတော့ သေနတ်ကို ဘယ်လိုပြန်ပြီး ပြင်ဆင်ရမလဲဆိုတာတွေကို ကျနော်မသိဘူး၊ ဒါပေမယ့် အမှန်တရားကတော့ ကျနော်သွားကူညီချင်တယ်ဆိုတာပဲ"

"တကယ်လို့ ကျနော်သွားနိုင်ခဲ့မယ်ဆိုရင် တိုင်းပြည်ကို ကာကွယ်နိုင်မှာပါ၊ ဒါက ယူကရိန်းသားအားလုံးရင်ထဲမှာရှိတဲ့ ဆန္ဒပါ၊ တိုင်းပြည်ကိုကာကွယ်ဖို့ လူတိုင်းကိုလိုအပ်လာပြီဆိုရင်တော့ ကျနော်သွားမှာပါ၊ ဒါကို အသင်းကိုလည်းကျနော်ပြောပြီးပါပြီ" လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

Share

Loading Next Article...
က္က