ထိပ်တန်းလိဂ်ငါးခုစလုံးမှာ အမှတ်ပေးဖလားရမယ့် နည်းပြဖြစ်လာဖို့ နီးစပ်လာတာပါ။

မာယော့ကာနဲ့ပွဲကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့ပြိးနောက် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါလက်ကျန် ၁၀ ပွဲအကျန်မှာ ဒုတိယနေရာက ဆီဗီလာကို ၁၀ မှတ်အထိဖြတ်တောက်ခဲ့ကာ ဆုဖလားရယူနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ လက်ကျန်ပွဲအနေအထားအရ ရမှတ် ၃၀ အတွက် ကစားရမှာဖြစ်ပြီး ဆီဗီလာရဲ့ခြေစွမ်းမတည်ငြိမ်မှုကြောင့်လည်း လိုက်မီဖို့က ခက်ခဲမယ်လို့ ယူဆရပါတယ်။ 

တတိယနေရာက ဘာစီလိုနာကတော့ တပွဲလျော့ကစားထားပြီး ရီးရဲလ်နဲ့ ၁၅ မှတ်အထိ ပြတ်တောက်နေလို့ လိုက်မီနိုင်မှာမဟုတ်တော့ဘူးလို့ ခန့်မှန်းရပါတယ်။ ဒီအတွက်ကြောင့် လာလီဂါအမှတ်ပ​ေးဖလားကို ရီးရဲလ်တို့ ထပ်မံဆွတ်ခူးဖို့ အလေးသာသွားခဲ့ပြီဖြစ်ကာ စပိန်မှာ သူတို့က ပြိုင်ဘက်ကင်းအသင်းဖြစ်နေဆဲဆိုတာကို ထပ်မံသက်သေပြနိုင်တော့မှာလည်းဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်သာ ဆုဖလားဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တော့ နည်းပြအန်ဆယ်လော့တီဟာ ဘောလုံးသမိုင်းမှာ ဘယ်နည်းပြမှမစွမ်းဆောင်နိုင်ခဲ့တဲ့။ မရရှိဖူးခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။ အဲဒါကတော့ သူဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုစလုံးမှာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် စံချိန်မှတ်တမ်းတင်နိုင်မှာဖြစ်ပါတယ်။ 

အေစီမီလန်၊ ဂျူဗင်တပ်စ်တို့နဲ့အတူ စီးရီးအေဖလား၊ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်၊ ဘိုင်ယန်မြူးနစ်နဲ့ ဘွန်ဒက်လီဂါ၊ ပီအက်စ်ဂျီနဲ့ လီဂူးဖလားတွေကို သူက ဆွတ်ခူးထားခဲ့ပြီးဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြဘ၀ ပထမဆုံးအကြိမ်မှာတော့ အမှတ်ပေးဖလားရရှိအောင် သူမစွမ်းဆောင်နိုင်ခဲ့လို့ အဆိုပါစံချိန်ကို စောစောစီးစီးရရှိမယ့် အခွင့်အရေးနဲ့လွဲချော်ခဲ့ရပြီး အခုမှသာ ဆွတ်ခူးဖို့နီးစပ်လာခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က