အက်ဖ်အေဖလားဗိုလ်လုပွဲကို ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အန်သိုနီမာရှယ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် အက်ဖ်ဖေလားပွဲကို လွဲချော်မယ်လို့ သိရပါတယ်။ ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ လိဂ်ပွဲနောက်ဆုံးပွဲမှာ အဆိုပါဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲကို ဝင်မကစားနိုင်တဲ့ အခြေအနေအထိဖြစ်ခဲ့တာကြောင့် ပွဲကြီးပွဲကောင်းနဲ့ လွဲချော်ရပြီ ဖြစ်ပါတယ်။ 

ဒီရာသီမှာ မကြာခဏဆိုသလို ဒဏ်ရာရနေတဲ့ မာရှယ်အပေါ် ယူနိုက်တက်ပရိသတ်တွေကလည်း တော်တော်လေးစိတ်ကုန်နေပြိဖြစ်ပါတယ်။ ဝင်ကစားပေးချိန်မှာလည်း အားကျိုးမာန်တက်မရှိဘဲ ဖြစ်သလိုကစားနေတယ်လို့ စွပ်စွဲခံခဲ့ရတဲ့ မာရှယ်ရဲ့ အနာဂတ်ကလည်း လှုပ်ခတ်နေပြီဖြစ်ပါတယ်။ 

ဖူလ်ဟမ်နဲ့ပွဲအပြီး နည်းပြတန်ဟက်ဂ်က ကွင်းအတွင်းမှာ ပရိသတ်တွေကို စကားပြောဆိုမှုတွေ လုပ်နေချိန်မှာကတည်းက မာရှယ်ဟာ သူ့တံကောက်ကြောကို လက်နဲ့ ဖိနေခဲ့တာပါ။ သူ မကစားနိုင်တဲ့အတွက် ယူနိုက်တက်တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာနည်းပါးနေပြီဖြစ်ပြီး ရက်ရှ်ဖို့ဒ်ကိုပဲ အားကိုးရတော့မှာဖြစ်ပါတယ်။ 

မာရှယ်ကတော့ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၉ ပွဲကစားပေးပြီး ၉ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ပွဲအများစုကိုတော့ အရန်ကစားသမားအဖြစ်နဲ့ ကစားခဲ့ရပြီး ပွဲထွက်ခွင့်ရချိန်မှာလည်း ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေရဲ့ အပြစ်တင်မှုကိုလည်း ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က